အပိုင်း၂၁

Start from the beginning
                                    

အ့ဖြေးဖြေးထူပါ အားကြီးနဲ့ လက်မောင်းတောင်နာသွားပြီ ဟွန့်

မင်းရဲ့မြင်းကော

မရှိတော့ဘူး

ဘယ်ရောက်သွားတာလဲ

ခုန ကြားတစ်ကောင်နဲ့တွေ့တော့ ပြေးသွားတာပဲ

ကောင်းပြီ ဒီမြင်း မင်းယူသွားလိုက်တော့

ခဗျားကရော

ငါ ကိစ္စရှိသေးလို့

ကျွန်တော်ရောပဲ

မင်းးး

ဝူရှဲ့ မျက်ခုံးများ အနဲငယ်တွန့်ချိုးလိုက်ကာ

ပြော မင်းကဘယ်သွားမာ

ဒီနားနဲနဲလေးထပ်သွားရင် ချယ်ရီပင်ကြီးကြီးတစ်ပင်ရှိတယ် အဲ့ကို

တောနက်ထဲဘယ်လိုချယ်ရီပင်ရှိမာလဲ အရူးလာ

‌ရှိပါတယ်ဆို မယုံလိုက်ခဲ့ လပြည့်နေ့တိုင်း ကျွန်တော်ဒီကိုလာတယ်ပြီး လကိုကြည့်တယ်

အရူးပဲ မင်းဘာမင်းအိမ်မာလဲကြည့်လို့ရတာကို
အပင်ပန်းခံလို့

ခဗျားမသိပါဘူး အဲ့ကိုသာရောက်ဖူးကြည့်
ခဗျားလဲလာချင်မာ ထပ်ခါထပ်ခါပေါ့

ဟုတ်ပါပြီ ခုထိမင်း ချယ်ရီပင်ကြီးမတွေ့သေးဘူး တောတောင်တော်တော်နက်လာပြီ

ခဗျားပါးစပ်ပိတ်ထားစမ်းပါ ရောက်တော့မာ ဟော ဟိုမာ ဟိုမာ တွေ့လားတွေ့လား

လှပလွန်းတဲ့ ချယ်ရီပင်အကြီးကြီးက လရောင်အောင်မာ ပိုပြီးစွဲမက်စရာ လွမ်းမောစရာကောင်းနေသည် တိုက်ခတ်လာတဲ့လေနုလေးကလဲ တခုခုကို လွမ်းဆွတ်ဖို့သတိပေးနေသယောင်

ဘယ်လိုလဲ ခဗျားလည်း ကြိုက်သွားပြီမလား

မင်းဒီကိုလာတာ ယွဲ့မင်ကောသိလား

ရန်ယွဲ့လား သူမသိဘူး

ရန်ယွဲ့ ဘာကြောင့်မှန်းမသိ သူ့နှုတ်ဖြားလေးက ရန်ယွဲ့ဟု တမြတ်တနိုးခေါ်သံကြားလိုက်ရတော့ နှလုံးသားက နာကျင်လာသယောင်ခံစားလိုက်ရသည်

မဟုတ်လောက်ပါဘူး ငါအဝေးကြီးလမ်းလျောက်လာရလို့ဖြစ်မယ်

ကမ္ဘာ ခြားလည်းချစ်နေမယ်Where stories live. Discover now