အပိုင်း ၅၂ ဂီတ​ဖျော်​​ဖြေပွဲတစ်​ခုကို အတူတူသွားကြည့်​ကြမယ်

Start from the beginning
                                    

ပြီး​တော့ ပူရအိုက်​ရတဲ့အထဲမှာ ဘာလို့ ဒီသိုး​မွှေးည၀တ်​အင်္ကျီကြီးကို ၀တ်​ထားရတာလဲ? ခုချိန်​က ​စွမ်းအင်​ထိန်းသိမ်း​ရေး​တွေ တိုးမြှင့်​လုပ်​​ဆောင်​​နေကြတာကို သူက​တော့ ဒီနည်းနဲ့ air-con ကိုဖြုန်းတီး​နေတယ်!
ဝမ်​ကွမ်းနင်​ဟာ မတတ်​သာတဲ့အဆုံး သူ့နဖူးကို သပ်​လိုက်​တယ်​.

"ရှိုရှို"

ကျန်းလင်​ရိက ​ပြေးလာပြီး သူ့ကို ​ပွေ့ဖက်​လို​က်​တယ်​. အဲ့​နောက်​ သူက သူ့ရဲ့ စိုစွတ်​တဲ့လျှာနဲ့ အနမ်း​တွေကို စတင်​လို​က်​တယ်​.

"မနက်​ဖြန်​ ပိတ်​ရက်​မလား?"

ကျန်းလင်​ရိက မျက်​ခုံးပင့်​လိုက်​တယ်​. ဒါက တကယ်​ကို ခက်​ခက်​ခဲခဲပဲ!

"အင်း"

ပြောရမယ်​ဆိုရင် ​၀မ်​ကွမ်းနင်​ ဒီလို မြန်​မြန်​ အားလပ်​ရက်​ယူနိုင်​ခဲ့တာဟာ ကျန်းလင်​ရိ​ကျေးဇူး​ကြောင့်​ပဲ. မဟုတ်​ရင်​ သူဒီ​လောက်​မြန်​မြန်​ လူမှန်​​နေရာမှန်​၀န်​ထမ်း​တွေကို ​ခေါ်ယူစု​ဆောင်းနိုင်​ခဲ့မှာ မဟုတ်​ဘူး. ဒီအ​ကြောင်းကို စဉ်းစားကြည့်​​လိုက်ေ​တာ့ ကျန်းလင်​ရိကိုယ်​​ပေါ်က ကြယ်​ပုံစံနဲ့ ထူထူထဲထဲ ည၀တ်​အင်္ကျီကြီးကိုသူ သည်းခံလို့ရသွားတယ်

"ငါ ​ရေအရင်​ ချိုးလိုက်​ဦးမယ်​"

ဒါ အရိပ်​အမြွက်​​ပေး​နေတာပဲ ဖြစ်​ရမယ်​!

ကျန်းလင်​ရိဟာ မျက်​နှာ​ပေါ်မှာ တည်​ငြိမ်​​နေ​ပေမယ့်​ စိတ်​ထဲက​နေ​တော့ ကြိတ်​ပြီး အူမြူး​နေတယ်​.

"ငါ မင်းအတွက်​ အင်္ကျီသွားယူ​ပေးမယ်​"

ဝမ်​ကွမ်းနင်​ဟာ ကျန်းလင်​ရိရဲ့ မီး​တောက်​​နေတဲ့ မျက်​လုံး​တွေကို လျစ်​လျူရှုလိုက်​ကာ ​ရေချိုးခန်းထဲကို တန်းဝင်​သွားတယ်​. သိပ်​မကြာလိုက်​ဘူး ကျန်းလင်​ရိ ပြန်​​ရောက်​လာတယ်​. သူ့လက်​ထဲမှာ​တော့ SpongeBob ည၀တ်​အင်္ကျီတစ်​စုံနဲ့..

ဝမ်​ကွမ်းနင်​ စိတ်​ရှုပ်​သွားတယ်

"အခု ရာသီဥတုက တအားပူ​​နေတာ. ဒါကြီး ငါမ၀တ်​နိုင်​ဘူး!"

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now