Part -1

5.2K 339 30
                                    

တရွေ့ရွေ့နဲ့ လည်ပတ်နေတဲ့ အချိန်တေရဲ့
ကုန်ဆုံးမှုက မြန်ဆန်လွန်းတယ်ပဲပြောရမလား
ကြန့်ကြာလွန်းတယ်ပဲပြောရမလား
၁၅နှစ်…၁၅နှစ်ဆိုတဲ့အချိန်တေကုန်ဆုံးခဲ့ပီ
လွမ်းတယ် ကိုကို့ရဲ့ ကလေးလေး
ကိုကို့ကလေးလေး ဘယ်လိုပုံစံရှိနေမလဲ
တွေ့ချင်တယ် ကလေးလေးရယ်
ကိုကို ဘယ်လောက်တောင်လွမ်းခဲ့ရလဲ သိလား ကိုကို့TaTaလေး
''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
Taehyung
ကျွန်တော့်နာမည် Kim Taehyungပါ
ဟုတ်ပါတယ် ကျွန်တော်ချမ်းသာတဲ့မိသားစုက မွေးဖွားလာတာပါ  အားလုံးရဲ့အမြင်မှာတော့ ကျွန်တော်က မာနကြီးရင် ကြီးမှာပေါ့ တကယ့်လက်တွေ့ဘဝမှာတော့ ကျွန်တော့်ဘဝက သိမ်ငယ်မှုတေ အထီးကျန်မှုတေနှဲ့ ပြည့်နှက်နေခဲ့တာ
ဒါမဲ့ တနေ့ ကျွန်တော့ဘဝထဲကို ဝင်လာတဲ့ သူလေးကြောင့် ကျွန်တော့်ဘဝက စိမ်းစိုလာခဲ့တယ်
ခုထိသူ့နာမည်လေးကို သိခွင့်မရခဲ့ပါဘူး
ကလေးက ကျွန်တော့်ထက်6နှစ်ငယ်တယ်
သူကပြောတယ် ' တနေ့အသက်တေကြီး လာလို့ပြန်တွေ့ဖစ်ကြရင် သေချာပေါက် သားနာမည်ကို ပြောပြမယ် ' တဲ့လေ။

အတွေးများကလွန်ခဲ့သော15နှစ်ဆီသို့~~~

Flashedblack~~~~~~~~~~

''ဦးလေး ရှေ့နားကရေခဲမုန့်ဆိုင်မှာ ခဏရပ်ပေးပါ ''

''Taehyungလေးက ရေခဲမုန့်စားချင်တာလား
ဦလေး ဝယ်ပေးပါ့မယ် ''

''ရတယ် ဦးလေးကားပေါ်ကပဲ စောင့်ပါ
ကျွန်တော့်ဘာသာ ဝယ်လိုက်ပါ့မယ် ''
ဆိုပီးTaehyungတယောက် ရေခဲမုန့်ဆိုင်ထဲ အဝင်

'' အာ့းးးးးးး!!!!!!! ''
Taehyungကောင်လေးတယောက်နဲ့ဝင်တိုက်မိလေခြင်း
ထိုကောင်လေးကတော့ ပြုတ်ကျသွားသော ice-creamလေးကိုကြည့်လိုက် မိမိကိုကြည့်လိုက်နဲ့ ငိုမဲ့မဲ့လေး
ဒါနဲ့ Taehyungလဲ ဝမ်1သောင်းထုတ်ပီး ကောင်လေးကိုပေးလိုက်တော့
ငိုပါလေးရော ငိုနေရင်းပြောလိုက်တဲ့စကား

'' သားရေခဲမုန့်လေးပဲပြန်ပေးပါ ''တဲ့

ဒါနဲ့Taehyungလဲ စတော်ဘယ်ရီဘူး၂ဘူး ဝယ်လိုက်ပီး တစ်ဘူးကို ကောင်လေးလက်ထဲထည့်ပေး လိုက်တော့ ပြုံးစစနဲ့ကြည့်လာသော ထိုကောင်လေး

''Gomaworyo''ဆိုပီး ပြေးထွက်သွားသော ထိုကောင်လေးအား ကြည့်ရင်း သူနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိပါတယ်

Heart Beat (Completed )Où les histoires vivent. Découvrez maintenant