ဟိုလူ......
ရှောင်ကျန့်တို့အိမ်ဘေးက
ငရဲမျက်နှာနဲ့ လူချော။သူ့ရဲ့လက်ထဲမှာက ရှောင်ကျန့်ကို
အထက်တန်းတုန်းက Crushခဲ့တဲ့
ရှောင်ရမ်း....."ဟေ့..ဟေ့လူ။ဘာ...ဘာလုပ်တာလဲ။!"
ရှောင်ရမ်းလည်ပင်းကို ညစ်ထားတာကြောင့်
ရှောင်ကျန့်ကြောက်ရဲကြောက်ရဲနဲ့ ဆွဲယူရသည်။ကောင်မလေးခမျာ သူ့လက်သန်သန်မာမာကြီးတွေထဲမှာ
မျက်နှာတစ်ခုလုံးရဲနေလေပြီ။"လွှတ်...လွှတ်ပေးလိုက်ပါဗျာ..!!"
ရှောင်ကျန့်ပြောတော့ရောက်လာတဲ့
စူးရဲရဲအကြည့်တစ်ခု။"မင်းသူ့ကိုသိလား..!"
"သိ..သိတယ်လေ..!"
"ဘယ်လိုပတ်သတ်လဲ..!"
"သူ...သူက ...
သူငယ်ချင်း....!"ဘာလို့လဲမသိပေမဲ့ သူမေးသမျှကိုသာ
အလန့်တကြားဖြေလိုက်ရသည်။
ဟိုကလေးမက သေတော့မည်လေ။"နောက်တစ်ခါ ဒီမိန်းမနဲ့
မပတ်သတ်နဲ့....ကြားလား..!"ပိုင်စိုးပိုင်နင်းသူ့စကားတွေကြား
ရှောင်ကျန့်ခေါင်းလေးငြိမ့်ပြတော့မှ
ရှောင်ရမ်းကိုလွှတ်ချပေးပြီး"ငါနဲ့လိုက်ခဲ့..!"
လူကိုအရုပ်လေးတစ်ရုပ်လို
ဆွဲသွားလိုက်တာဆိုတာ
လွင့်ခနဲ။"တက်!!"
သူ့ကားတံခါးကိုဖွင့်ပြီးပြောနေပုံက
မသိရင် ပြန်ပေးဆွဲမှာလိုလို။"ဘာ..ဘာလို့တက်ရမှာလဲ..!"
"မတက်ဘူးလား...!"
"မတက်ပါဘူး။မင်းနဲ့ငါက
အသိတွေလည်းမဟုတ်ဘူး။
ရူးနေလို့ သူစိမ်းကားကို
လိုက်စီးရမှလား။
မင်းနာမည်ကိုငါသိတာတောင်မဟုတ်ဘူး..!""၀မ်ရိပေါ်...!"
"ဟန်..!"
"ငါ့နာမည်ဝမ်ရိပေါ်။
နာမည်သိပြီဆိုတော့ ကားပေါ်တက်တော့..!"ပြောပြီး လူကို ကားထဲ
ဲအတင်းထိုးထည့်နေတာကြောင့်
့်ရှောင်ကျန့်ကြောင်စီစီနှင့်ပင်ပါသွားရသည်။
YOU ARE READING
Yibo's Baby{Completed}
Fanfictionရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ် ရိပေါ် ဆီမှာ မျောက်စိတ်နဲ့ ယုန်လေးတစ်ကောင်ရှိတယ်
Part 3
Start from the beginning