အပိုင်း ၃၂

Start from the beginning
                                    

"အင်း။ ပြတိုက်ဖြစ်ရင်ပြီးရောမဟုတ်လား။"

"အေးလေ။ အဲဒါဆို ဘယ်လောက်မိုးရွာရွာ ဘာမှမဖြစ်ဘူး။"

"အိုကေ။"

အလွယ်တကူသဘောတူပြီး မနက်စာ croissant မုန့်တစ်ခုကို အားရပါးရ ကိုက်စားနေသည့် ထွဋ်ထွဋ်ကို နညး်နည်းတော့ သံသယဝင်မိသည်။ မနေ့ညက လည်မည့်နေရာများကို ငြင်းခုံရင်း သူတို့တော်တော်နှင့် အိပ်မပျော်ခဲ့ကြ။ ဒီမိုးယံက orsay နဲ့ lourve ပြတိုက်ကို သွားချင်သလို ရှိုင်းထွဋ်က ခြေညောင်းခံလျှောက်ပြီး မတ်တပ်ရပ်ကြည့်ရမည့် ပြတိုက်များမှလွဲလျှင် အခြားဘယ်နေရာကိုမဆို သွားချင်သည်။ အခုမှ ထူးထူးခြားခြားသဘောတူနေသည်မှာ အနည်းငယ် အံ့သြစရာတော့ ကောင်းသည်။ အငြိုးကြီးပြီး ရွာနေသည့် မိုးကိုပင် ကျေးဇူးတင်ရမည်လားမသိ။ ဒါပေမယ့် ဒီမိုးယံ တွက်ကိန်းမှားသွားသည်ကို တက္ကစီပေါ်ရောက်မှ နားလည်သည်။

ရှိုင်းထွဋ် သွားချင်သည့်ပြတိုက်က Orsay လည်း မဟုတ်သလို Lovurve လည်း မဟုတ်ပါ။

ငါးပြတိုက်ဖြစ်နေသည်။

တည်ရှိနေရာက Eiffel Tower ကို ဓါတ်ပုံရိုက်ရန် အကောင်းဆုံးနေရာဟု သတ်မှတ်ထားသည့် Marine Museum ဘေးနားမှာဖြစ်သည်။ များသောအားဖြင့် Eiffel Tower ကိုနောက်ခံပြီး ဓါတ်ပုံရိုက်နေကြသော ခရီးသွားများဖြင့် ပြည့်နေတတ်သည့် ပြတိုက်ဘေး ကွက်လပ်နေရာမှာပင် ဘယ်သူမှ ရှိမနေ။ ဇွဲကောင်းလွန်းသည့် ကမ္ဘာလှည့်ခရီးသွား သုံး၊လေးယောက်လောက်ကိုသာ မိုးကာအကျီင်္များဖြင့် တွေ့ရသည်။ သူတို့နှစ်ယောက်လုံးမှာလည်း ထီးမပါပါ။ ကုတ်အကျီင်္လက်ရှည်ကိုသာ ခေါင်းစွပ်ကိုမတင်ကာ မိုးစက်များကြား လျှောက်ခဲ့ကြသည်။ မိုးကသည်းသည်တော့မဟုတ်။ ဒါပေမယ့် ခပ်ကြမ်းကြမ်းလေပြင်းနှင့် ချမ်းအေးမှုကြားမှာ မျက်စိပင် ကောင်းကောင်းဖွင့်လို့မရချင်။ Eiffel Tower ကြီးကိုတောင် အဖြစ်သဘော ဓါတ်ပုံရိုက်ရုံသာ တတ်နိုင်သည်။

"ဒီဒီ။"

"ဟင်။"

"ဟိုမှာ။"

ရှိုင်းထွဋ်ညွှန်ပြရာက ပြင်သစ်တွင် နာမည်ကြီး လမ်းဘေးအစားအစာဟု ပြော၍ရမည့် crepe မုန့်ငယ်များရောင်းသည့် ဆိုင်ခန်းငယ်ဖြစ်သည်။ မုန့်နှစ်များကို အပူပေးထားသော မီးဖိုပေါ်အဝိုင်းပုံဖြစ်အောင် ဖြန့်ဆွဲပြီး ချောကလက်ရည်ဖြစ်သည့် Nutella အနှစ်ကိုထည့်ကာ ခေါက်ပေးသည့် မုန့်ဖြစ်သည်။ ပူပူလေးစားရလျှင် ချောကလက်အနှစ်မှာ လျှာပေါ်တွင်ပျော်ကာ အလွန်အရသာရှိသည်။ မုန့်သားခံထားသောကြောင့် အရမ်းလည်းမအီ။ သူရော၊ ထွဋ်ထွဋ်ပါ မိုးအေးအေးထဲမှာ စားဖူးသည်ရှိအောင် ဝယ်စားဖြစ်ခဲ့ကြသည်။

ဆူးWhere stories live. Discover now