အပိုင်း ၁၁

Start from the beginning
                                    

"လာပြီ။ လာပြီ။ ခဏလေး။"

ခြံဝင်းထဲမှ အသံစူးစူးကို ကြားရတော့ ဒီမိုးယံ မျက်မှောင်မကြုတ်ဘဲ မနေနိုင်။

ပူစူးမ။

ဒီကောင်မလေး၏ အသံစွာစွာကို သူ ကောင်းကောင်းသိပါသည်။ မနက်တိုင်း သူတို့ဆိုင်မှာ မုန့်ဟင်းခါးလာဝယ်ရင်း သူနှင့် အမြဲရန်ဖြစ်နေရသည့် ကလေးမလေး။ ပါးပြင်မှာ ဝက်ခြံအပြည့်နှင့် အလှကလည်းကြိုက်သေးသည်။ အခုလည်းကြည့်။ အိမ်ထဲမှာနေတာတောင် သနပ်ခါးအပြည့်နှင့်ဖြစ်သည်။ ပန်းအိုးထဲမှ လှသည်ထင်သည့် ပန်းတစ်ပွင့်ကိုလည်းခူးကာ နားကြားမှာ ထိုးထားသေးသည်။ ထဘီက အပြာရောင်၊ အကျီင်္က အစိမ်းရောင်၊ ပန်းက ခရမ်းရောင်ဖြစ်နေတာပဲရှိသည်။

"မြန်မြန်ဖွင့်လေဟာ။"

"ဖွင့်နေတာပဲ။ လောမနေနဲ့။"

"ခရုအမေ။ လိပ်မသမီး။ ပက်ကျိညီမ။"

ဒီမိုးယံ ပွစိပွစိပြောတော့ ပူစူးမ၏ နှုတ်ခမ်းများတစ်တောင်ခန့် ချွန်ထွက်လာသည်။

"ဘယ်သူလဲ ပူစူးမ။"

ခပ်လေးလေးအသံတစ်ခုပေမယ့် နားထောင်လို့ကောင်းနေသည်။ ခြံထဲသို့ လှမ်းကြည့်ပေမယ့် လှမ်းမေးလိုက်သူကိုမှ မမြင်ရ။

"ရေလာပို့တာ မမ။"

ပူစူးမက ပြန်ဖြေလိုက်မှ ဒီမိုးယံ ဘယ်သူလဲဆိုတာကို ချက်ချင်းနားလည်သွားသည်။ ပူစူးမရဲ့အလုပ်ရှင်ဟု သူသိထားသည့် အိမ်ကြီးရှင်မမပဲ ဖြစ်ရမည်။ မမဆိုသူကို သူ မြင်ဖူးချင်သည်။ သူများတွေပြောသလို တကယ်လှသလား သူ သိချင်သည်။ ဒါပေမယ့် ပူစူးမက လူဝင်ပေါက်တံခါးကိုသာဖွင့်ပေးသည်ဖြစ်၍ ဒီမိုးယံ သောက်ရေသန့်ဗူးကြီးနှင့်တစ်ပြီး ဝင်မရဖြစ်နေသည်။

"ဟိုဘက်တံခါးဖွင့်လေဟာ။"

"အဲဒါက ကားဝင်တဲ့ ဝင်ပေါက်။"

"နင့်မေကြီးတော်။ ငါ ဆဲမိတော့မယ်။ ကားပဲဝင်ဝင်၊ လူပဲဝင်ဝင် မြန်မြန်ဖွင့်ဟ။ လေးလှပြီ။"

ဒီမိုးယံ ပခုံးထက်မှ ရေသန့်ဗူးကြီးနှင့်သာ ဒီကောင်မလေးကို ကောက်ထုလိုက်ချင်သည်။ အခုမှ ဝင်ပေါက်စည်းမျဉ်း၊ စည်းကမ်းတွေ လိုက်နာနေတာလေ။ သူ မထမ်းထားရတိုင်း။

ဆူးWhere stories live. Discover now