နာတာမှမဟုတ်တာလေ။

ဒါပေမယ့် ညအိပ်ခါနီးမှ ဆူးစူးနေသောနေရာက နာလာသည်။ ကျွန်တော်လက်ဖဝါးကိုဖြန့်ကြည့်တော့ ရောင်ရမ်းနေပြီဖြစ်သည်။ အနီရောင်အကွက်ထဲမှာတော့ သကောင့်သား ဆူးချွန်တော်က မြိန့်မြိန့်ကြီးလှဲလျောင်းနေတုန်း။ ကျွန်တော် ကြိုးစားပြီး ညှစ်ထုတ်ကြည့်သည်။ နာလိုက်သည်ဆိုတာမှာ ပြောစရာမရှိ။ မျက်ရည်တောင် ၀ိုင်းသွားသည်မို့ ထပ်ပြီး မကြိုးစားချင်တော့။

ဇာဂနာရှာရမှာကိုလည်း ကျွန်တော်ပျင်းသလို အမောင်ဇဂနာ ဘယ်ရောက်နေသည်ကိုလည်း ကျွန်တော် မသိ။ ပစ္စည်းများကို ယူကိုင်ပြီးလျှင် သူ့နေရာသူ မထားတတ်သော ကျွန်တော့်အကျင့်ကိုပဲ အပြစ်တင်ရမည်။ ဒီလိုနှင့် ဒီဆူးကို ကြိုးစားမေ့ကာ အိပ်ပျော်ရန်ကြိုးစားရသည်။ ဒါပေမယ့် မရ။ ဆူးစူးနေသော နေရာက ယားသလို၊ နာသလိုနှင့် စိတ်ကသိကအောက်ဖြစ်အောင် ကျွန်တော့်ကို ဒုက္ခပေးနေပြန်သည်။

တစ်ညလုံး ဒီဆူးတစ်ချောင်းကြောင့် အိပ်လိုက်၊ နိုးလိုက်ဖြစ်ကာ အိပ်ရေးပျက်ရသည်ဆိုသည်မှာ ကျွန်တော်အပိုပြောသည်မဟုတ်။ လက်ဖဝါးမှာ စိုက်ဝင်နေသော ဆူးတစ်ချောင်းသည် ကျွန်တော့်ဦးနှောက်ကို ဖောက်ထွင်းနေသည်ဟု တင်စားပြောလျှင် ကျွန်တော် မလွန်ပါ။

မနက်အိပ်ရာထသည်နှင့် ကျွန်တော့်အတွေးသည် မနက်စာ စားရန်မဟုတ်။ ဒီ ဆူးကို နှုတ်ပစ်ရန်သာဖြစ်သည်။ မေမေ့ကို အကူအညီတောင်းတော့ မေမေက ဇာဂနာကြီးကိုင်ကာ ကျွန်တော့်နားလျှောက်လာသည်။

အကြိတ်အနယ် လက်ဝှေ့ပွဲတစ်ခုမှာ ဝင်ရောက် ထိုးချင်သလို မျက်နှာကြီးနှင့် မေမေ့ကို ကျွန်တော့်နားအကပ်မခံတော့။ စားပွဲကိုနှစ်ပတ်၊ သုံးပတ်လောက် ပတ်အပြေးပြီးမှာတော့ မေမေ ကျွန်တော့်ကို အလျှော့ပေးလိုက်သည်။ ဇာဂနာကို စားပွဲပေါ်ပစ်ချကာ နင်လုပ်ချင်သလိုသာလုပ်တော့ဟု လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်။

ဇာဂနာကို ကျွန်တော့်လှမ်းယူကာ နေရောင်ထွန်းတောက်သော အိမ်ပြင်သို့ ထွက်လာခဲ့သည်။ လင်းထင်းသော နေရောင်က ကျွန်တော့်အမြင်အာရုံများကို ကူညီပေးမည်ဟု တထစ်ချ ယုံကြည်သည်လေ။

ဆူးWhere stories live. Discover now