အပိုင်း၁၉

Start from the beginning
                                    

ကျင်းဝူရှဲ့....

ဝူရှဲ့ထိုစူးရှပြတ်တောင်းလှတဲ့အသံကိုကြားတော့
ဖရိုဖရဲ အိပ်ယာမှထရပ်ကာ တံခါးဖွင့်မည်အပြု

ဒုန်းးးးးးးး

အားးး အဖေ ဘာလုပ်တာလဲ သူများတံခါးကျိုးကုန်ပြီ လာဖွင့်ပေးမာပေါ့

မင်း မင်း အခုထိအလေလိုက်နေတုန်းလား မင်း
ယင်းရှောင်ဟုန်ကို ပြန်ခေါ်ဖို့မကြိုးစားတော့ဘူးလား ဟမ် နဲနဲလေးတောင် စိတ်မပူဘူးလား

ဖရိုဖရဲနဲ့ပွရောင်းရောင်းဆံကို လက်နဲ့ပြန်ထိုးဖွနေရင်း မျက်နှာထားကတော့အေးစက်စွာ

စိတ်၀င်စားစရာလား သူက ကလေးလား သူပြန်လာချင်ပြန်လာမာပေါ့ သစ္စာဖောက်သွားတဲ့သူကို ဘယ်သူကခယပြီး ပြန်ခေါ်မာလဲ

မင်း မင်း အသုံးမကျတဲ့အကောင်

ဘာလို့ကျွန်တော့်ကိုပဲ ဆူပူကြိမ်းမောင်းနေရတာလဲ သူ့ပါသူ သစ္စာမရှိဖောက်ပြန်တာကို

ကျင်းမြို့စားမာသက်ပြင်းရှည်ကြီးချလိုက်ကာ

ဒါဆိုရင်လဲ ယင်းတစ်မိသားစုလုံးအသတ်ခံရတဲ့ကိစ္စစုံစမ်း စစ်ဆေးလာခဲ့

ဟမ်  ယင်း မိသားစုကအသတ်ခံရတယ်

မင်း အားး ငါ့ခေါင်း ဘာလို့ ဒီလိုအသုံးမကျတဲ့သားမျိုးမွေးပါလိမ့် မင်းမသိဘူးလား ရှောင်ဟုန်ပျောက်သွားပြီး မကြာခင်ပဲ ယင်းအိမ်တော်တစ်ခုလုံးအသတ်ခံခဲ့ရတာ...အားးးး အသုံးမကျတဲ့သား...ဘာကိုမှ အလေးအနက်မထားတဲ့အကောင်.......

ကျွန်တော်တကယ်မသိဘူး သူတို့ဘာလို့ အကုန်အသတ်ခံရတာလဲ အာ့ကို ဟိုအကောင်က မစုံစမ်းဘူးလား..

ရှောင်ဟုန် ဘာမှမမှတ်မိဘူး သူတို့တစ်မိသားစုလုံးအသတ်ခံရပြီး‌တော့ တစ်ပတ်ပဲကြာသေးတယ် သူ ရန်မိသားစုက သားနဲ့လက်ထပ်ပွဲကျင်းပခဲ့တယ် ဒါကသံသယဖြစ်စရာပဲ သူတစ်ချက်တောင် သူ့အိမ်ကိုလာမကြည့်ဘူးလေ....
ပြီးတော့ မင်းကလည်းပျောက်နေခဲ့တယ်လေ

အဖေပြောမှ စိတ်၀င်စားစရာတော့ ကောင်းသားပဲ ယင်းရှောင်ဟုန်က သူ့အိမ်ကိုအ‌ရမ်းချစ်တဲ့သားမျိုးပဲ သူ့မိဘတွေသေတာကို မလာစရာအကြောင်းမှမရှိတာ..ဒါဆို ဟ စိတ်၀င်စားသွားပြီ
ဒါ ကျွန်တော့်တာ၀န်ထားလိုက် ကျွန်တော်
စုံစမ်းလိုက်မယ်.......

ကမ္ဘာ ခြားလည်းချစ်နေမယ်Where stories live. Discover now