ငါ့social media မှာ noti တက်လို့ ကြည့်လိုက်တော့....နင် ..နင်...ငါ့ပုံကို love react ပေးသွားတာနော်..
ငါ့မှာအိပ်ချင်မူးတူးနဲ့ ကယောင်ကတမ်းဖြစ်တာလား အိပ်မက်မက်တာလားလို့ သေချာပြန်ကြည့်ရတယ်။

ငါအိပ်ချင်မူးတူးဖြစ်နေတာလည်း မဟုတ်ဘူး
အိပ်မက်လည်းမဟုတ်ဘူး...
နင့်ရဲ့Love reactတစ်ခုက ငါ့ကိုဘယ်လောက်ထိ ပျော်စေလဲဆိုတာ နင်သိပါ့မလား Jen.....

ဘတ်စကတ်ဘောကွင်းထဲမှာ ငါကစားနေတုန်း နင်လာကြည့်တော့ ငါနည်းနည်းရှက်သွားတယ်သိလား Jen..
ငါဘောလုံးသွင်းတိုင်း လွဲတာများတယ်လေ
ငါချစ်တဲ့ နင့်ရှေ့မှာတော့ ငါအရှက်မကွဲချင်ဘူး..
ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာပေးတုန်းပဲ...
ငါသွင်းတာ တစ်ချက်ထဲနဲ့ ဝင်သွားတာပဲ...
ငါ့ကိုယ်ငါတောင် အံ့သြနေတာ...
နင်လာကြည့်လို့ ငါLuckyကောင်းနေတာဖြစ်ရမယ်။
နင်ကငါ့ရဲ့ မယ်ကံကောင်းလေးပဲ။
လိုက်မပို့လည်း လာအားပေးမှာပါနော် ဆိုတဲ့နင့်စကားရဲ့နောက်မှာ ငါဟာ ဘတ်စကတ်ဘောကို နေ့တိုင်းကစားဖြစ်အောင် ကစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြီးပါ ချမိတဲ့အထိပါJenရယ်..

ကိစ္စတစ်ခုကြောင့် ငါဆေးလိပ်တွေသောက်ပြီး လူရုပ်မထွက်တဲ့အချိန်မှာ နင်ငါ့ကိုမြင်သွားတာ ငါအတော်လေးစိတ်မကောင်းဖြစ်မိတယ် Jen..
နင့်မျက်လုံးထဲမှာ ထိတ်လန့်တဲ့ အမူအရာတွေမြင်လိုက်တော့ ငါ့ကိုယ်ငါ တည်ငြိမ်အောင် မနည်းကြိုးစားခဲ့ရသေးတယ်။ နင်များငါ့ကိုရွံသွားမလားဆိုတဲ့အတွေးက ခေါင်းထဲဝင်လာတော့ ငါ့မှာအိပ်မရတဲ့ညကို ခြောက်ခြားစွာနဲ့ဖြတ်သန်းခဲ့ရ.......

နောက်တစ်ရက်မှာ...ကျောင်းတောင်မလာရဲခဲ့ဘူး...
ဒါပေမဲ့ ငါ့ချစ်တဲ့နင့်ကို စိတ်မချပြန်ဘူး...
ကလေးလေးJennieက ထင်တဲ့အတိုင်း ငါရောက်လာတော့ ကျောင်းပေါက်ဝမှာ ထိုင်ပြီးငိုနေတော့......ငါ့နှလုံးသားဟာကမ္ဘာပျက်မတတ်.....

နင်ငါ့ကိုကြားလေမသွေးအောင်ဖက်ထားတော့ငါဟာ
ငါ့ကိုယ်ငါ ကမ္ဘာပေါ်မှာ နွေးထွေးမှုအရဆုံးလူသားလို့
ထင်သွားတဲ့အထိ။
ငါတို့နှစ်ယောက် အဲ့လောက်ထိ နီးကပ်နေတော့ ငါ့ရင်ခုန်သံတွေ နင်ကြားမှာကိုငါအတော် စိုးရိမ်ခဲ့တာJen။
မဖြစ်ဘူးလေနော်....အခုချိန် နင်ကြားလို့မဖြစ်သေးဘူး။

Her EyesWhere stories live. Discover now