Author's Completed Note

2.1K 102 28
                                    


Unicode

ပထမဆုံး ပြောချင်တဲ့စကားက ကျေးဇူးတင်စကားပါ။ ဒီဝတ္ထုကိုအခုထိ စောင့်ဖတ်ပေးကြတဲ့လူတွေကို ကျေးဇူးတစ်ယောက်ချင်းတင် ချင်ပါတယ်။

ပြောရရင် ဒီဝတ္ထုက ကိ်ုယ့်ဘဝမှာ ရေးချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ရေးချင်သလို ရေးတဲ့ ဇာတ်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ရေးချင်သလို ရေးလိုက်ပေမယ့် ကိုယ်တိုင်သတ်မှတ်တဲ့ စည်းဘောင်တွေထဲကနေ ထွက်အောင်မရေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ဝတ္ထုတွေကို အဆင့်တန်းရှိချင်ပါတယ်။ ဆိုလိုတာက တခြားဝတ္ထုတွေကို ထိပါးပြောတာလုံးဝမဟုတ်ပါ။ ကိုယ်တိုင်သတ်မှတ်ထားတဲ့ စည်းဘောင်ဆိုတာကလည်း နောင်တစ်ချိန်မှာ ဒီဇာတ်လမ်းရေးလို့ ပြန်ဖတ်တိုင်း အရှက်ရစေမယ့် ဇာတ်မဖြစ်ရဘူးဆိုတဲ့အချက်ပါဝင်ပါတယ်။ နောက်ပြီး ကိုယ့်စာဖတ်ပြီး စာပေအဆိပ်မဖြစ်စေရဘူးဆိုတဲ့ သစ္စာပါ။ စာဖတ်သူတွေပေါ်ထားတဲ့ ကိုယ်ဖာကိုသတ်မှတ်ထားတဲ့ ကတိသစ္စာတွေပေါ့။

ဒီဇာတ်လမ်းကလည်း ကိုယ့်အတွေးတွေကို ဖြန့်ကျက်ရသမျှကို အဲ့ဒီစည်းဘောင်ထဲပြန်သုံးသပ်ပြီး ကိုယ့်စာတွေကို တစဉ်တစိုက်ဖတ်တဲ့ လူတွေဆီ ပို့ပေးတာပါပဲ။ အဓိက က စာဖတ်သူနဲ့ စာရေးသူနှလုံးသားညီဖို့ပါ။ ဒီဇာတ်လမ်းက ရေးချင်သလိုရေးတယ်ဆိုပေမယ့် ရေးဖူးသမျှထဲ မချင့်မရဲဖြစ်ရသလို၊ အရမ်းကြိုက်ရတဲ့ ဇာတ်လမ်းပေါ့။ ကိုယ့်စံသတ်မှတ်ချက်တွေထဲ စာဖတ်တဲ့ကလေးတွေနဲ့ အမြင်မတူတာ၊ နှလုံးသားချင်းထပ်တူမကျမှာကို ပိုလို့တောင်စိုးရိမ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ယုံကြည်ပါတယ်။ ကိုယ့်ဇာတ်လမ်းအများစုက စာဖတ်တဲ့သူတွေရဲ့စိတ်ထဲအမြဲမစွဲနေတောင် ဖတ်တဲ့အချိန်လေးမှာ အကျိုးရှိ၊ အချိန်ကုန်ရကျိုးနပ်တဲ့ ဇာတ်လမ်းဖြစ်ခဲ့ရင် ဒီလူက ဝမ်းသာပါတယ်။ နွေကိုဖတ်တိုင်း နွေ့ကို သတိရရင် ကျေနပ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲက နွေကို အမြဲတမ်းသတိရနေပေးရင် ကျေးဇူးတင်နေမှာပေါ့။ ကိုယ့်ဇာတ်ကောင်လေးတွေကိုတော့ ပါးစပ်ဖျားလေးထဲ အမြဲစွဲတဲ့ ဇာတ်ကောင်လေးတွေဖြစ်စေချင်မိတာပေါ့။ ဒါစာရေးသူရဲ့ ဝိသမလောဘပဲထင်ပါရဲ့။ သည်မိုးက မြတ်တို့ နွေက မှိုင်းနွေရိပ်တို့ဟာ ကိုယ့်ဘဝရဲ့ မှတ်မှတ်ထင်ထင်ရှိတဲ့ ဇာတ်ကောင်တွေပါပဲ။

ဟောဒီဇာတ်လမ်းတွေကိုရေးတာ နေသစ်သွေးလို့ မသိတောင် နွေရိပ်တို့ရဲ့ချစ်မေတ္တာတရားတွေကို ကိုယ့်နှလုံးသားကနေတစ်ဆင့်နားသောတ ဆင်နိုင်ခဲ့ရင် ကျေးဇူးတင်နေမယ့် ကောင်ပါ။

အမြဲကြိုးစားနေပါ့မယ်။ လေးစားအားကျရတဲ့ စာရေးဆရာကြီးတွေရဲ့ ဇာတ်ကောင်တွေလို ကိုယ့်ဇာတ်ကောင်တွေကို စာဖတ်တဲ့လူတွေရဲ့ နှလုံးသားထဲ စွဲကျန်ရစ်နေဖို့ပေါ့။

ဟောဒီအောက်မှာ ပြောချင်တာတွေ ပြောခဲ့ပါ။ နွေနဲ့ပတ်သက်သမျှ နွေ့ကို သနားတာတွေ၊ ခန့်ကို မချင့်မရဲဖြစ်မိတာတွေ၊ သုတရဲ့ အနစ်နာခံမှုတွေကို ပြောပြခဲ့ပါ။ မေးချင်တာရှိရင်လည်း မေးပေါ့။ ဒီကမေးချင်တာတစ်ခုရှိတာကိုလည်း ဖြေခဲ့ပါနော်။

မီးရှို့လိုက်တဲ့ စာနှစ်စောင်မှာ နွေရိပ် ဘာရေးထားမလဲဆိုတာပေါ့။

ရင်တွေနာခဲ့ရပါတယ်။ ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ ဇာတ်ကောင် အားလုံးဟာ ကိုယ့်ကလေးတွေမဟုတ်လား။

ဒုတိယတစ်ခေါက်ပြန်ဖတ်ကြည့်ပေးဖို့ ချစ်မေတ္တာတွေနဲ့ ဒဏ္ဍာရီလေးကို တစ်ခါနားထောင်ပေးပြီး ခံစားပေးဖို့တောင်းဆိုချင်ပါရဲ့

အမြဲကြိုးစားနေမယ့်ကောင်လို့ယုံကြပေးပါ။ Follow လုပ်ပေးကြပါ။ အရင်ဇာတ်လမ်းတွေကနေ တစ်ဆင့် ယုံကြည်ပေးခဲ့တဲ့ လူတစ်ယောက်ချင်းစီကိုကျေးဇူးဥပကာပြုရင်း

ခင်များတို့ရဲ့
နေသစ်သွေး

အများကြီးချစ်တယ်။

နွေဒဏ္ဍာရီOnde histórias criam vida. Descubra agora