Never click suspicious links
Reminder: Wattpad will never ask for passwords, payment information, or other sensitive account security details.

Chapter 1

57.4K 2K 53
                                        

(Unicode)

Footnote ထည့်လို့မရလို့ [ ] နဲ့ နံပါတ်တပ်ပြီး အောက်မှာ ရှင်းပေးထားပါတယ်။

LanXi စစ်တက္ကသိုလ်က Tian Gu အင်ပိုင်ယာမှာ နာမည်အကြီးဆုံး နံပတ် ၁ တက္ကသိုလ်ပေါ့။ တော်ဝင်မျိုးနွယ်အပါအဝင် လက်ရှိ စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းက အရာရှိအရာခံအားလုံးက LanXi က ထွက်လာတာလို့ ပြောလို့ရတယ်။ ဒါကြောင့် LanXi ကို ဝင်ခွင့်ရရင်ပဲ ဒါဟာ တစ်သက် ကြွားလို့မကုန်တဲ့ ဂုဏ်ဒြပ်တစ်ခု ဖြစ်နေတဲ့ အနေအထားပေါ့။

လောလောဆယ်တော့ LanXi တက္ကသိုလ်ရဲ့ ဒုတိယနှစ်တွေအတွက် ထားပေးထားတဲ့ လေ့ကျင့်ရေး ခန်းထဲမှာ Yibo သတိအနေအထားနဲ့ ရပ်နေတယ်။ တကယ်တော့ ဆရာ မလာသေးတဲ့အတွက် သက်သာအနေအထားမှာ နေလို့ရပါတယ်။ အချို့ဆို စကားတွေ ပြောလို့ပေါ့။ ဒါပေမယ့် Yibo က self discipline သမားမို့ သူက ဒီလိုနေရတာပဲ ကြိုက်တယ်။ ကျောင်းသားတော်တော်များများကတော့ စကားပြောနေကြတာပါ။

"တကယ်ကြီး သူလာမှာလား"

"အေး။ ငါ့ ပါပါးပြောတာဆိုတော့ သေချာသလောက်ရှိတယ်"

"ဘယ်သူလာမှာကို ပြောတာလဲ"

ခပ်တိုးတိုးပြောနေတဲ့ ကျောင်းသား ၂ ယောက်ရဲ့ စကားဝိုင်းထဲကို နောက် တစ်ယောက်ဝင်ပါလာတယ်။

"ငါတို့ရဲ့ ဒီအတန်းအတွက် mecha [1] တိုက်ခိုက်ရေး ဆရာလေ။ အဲဒါ General Xiao Zhan [2]လို့ ပြောတယ်"

"General Xiao Zhan!!"

ဘေးနားက ၂ ယောက်က ဒီ နာမည်ကြားတော့ ထအော်တယ်။

"ရူးနေလား တိုးတိုးပြော။ အပြစ်ပေးခံရလိမ့်မယ်"

ဒီစကားကြားတော့ ခုနက အော်ခဲ့တဲ့ ၂ ယောက်က ချက်ချင်း ဇတ်ပုသွားတယ်။ နောက် လေသံကို နှိမ့်ချပြီး ဘေးနားက သူငယ်ချင်းနဲ့ confirm လုပ်တယ်။

"ဒါပေမယ့် သူက..... သူ​က Omega [3] ဖြစ်သွားပြီ မဟုတ်ဘူးလား"

"သူ​က အိမ်ရှေ့စံရဲ့ သူငယ်ချင်းပဲ။ အိမ်ရှေ့စံက သူ့ကို ပစ်ပစ်ခါခါတော့ မလုပ်လောက်ပါဘူး။ ဒါကြောင့် ဒီကို ပို့လိုက်တာနေမှာပေါ့"

"ဒါပေမယ့် မင်းသမီး Lisa နဲ့ စေ့စပ်ပွဲက ပျက်သွားပြီလေ"

ကျောင်းသား ၃ ယောက်ရဲ့ စကားဝိုင်းကို နောက်ထပ် တစ်ယောက် ထပ်လာ join တယ်။ တကယ်တော့ Yibo ကလွဲပြီး အားလုံး အဲဒီအနားမှာ ဝိုင်းစုနေကြတာပါ။ သူတို့ရဲ့ တစ်ချိန်က idol ရဲ့ အကြောင်းကို စိတ်မဝင်စားတဲ့သူ ရှားပါတယ်။

For YouOpowiadania do pokochania. Odkryj je teraz