Asphodel-38

7.6K 735 116
                                    


"ကလေးလေး မသွားလို့မရဘူးလား....."

ရှောင်းကျန့်က အိပ်ရာပေါ်လှဲနေရင်းကနေ ကုတင်ဘေးက ထသွားတော့မယ့် ရိပေါ်ရဲ့အင်္ကျီလက်စလေးကို ဆွဲလို့ အားငယ်စွာပြောတယ်...။

"မရဘူး...ကျွန်တော် လေးငါးရက်ပဲကြာမှာပါ...."

"ကိုကိုမနေခဲ့ချင်ဘူး...
မင်းကိုလည်း တစ်ယောက်ထဲ လွှတ်ရမှာစိတ်မချဘူး...။
ဒီတစ်ခါသွားခွင့်ပြုလိုက်ရင် နောက်ထပ်မတွေ့နိုင်တော့ဘူးလို့ ခံစားနေရတယ်...။
စိတ်တွေလေးနေလို့မသွားပါနဲ့လား...."

"ကိုကိုရယ် ကျွန်တော်သွားမှဖြစ်မှာမို့ပါ....ကျွန်တော်စိတ်မဖြောင့်အောင်မလုပ်ပါနဲ့...
ကျွန်တော့်ကို ကတိပေး...
ကျွန်တော်ပြန်လာတာကို စောင့်နေမယ်လို့...."

ကိုကိုက အတော်လေး တိတ်ဆိတ်သွားရင်းက ဆွဲထားတဲ့ ရိပေါ်ရဲ့အင်္ကျီလက်စလေးကို မလွှတ်ချင် လွှတ်ချင်လွှတ်ပေးပြီး ခေါင်းအသာညိမ့်တယ်....။

"ကျွန်တော့်ကိုကိုက လိမ္မာလိုက်တာ...."

ကိုကို့နဖူးလေးကို တစ်ချက်အနမ်းပေးပြီး လေယာဉ်ကွင်းကိုအမှီသွားဖို့ လှည့်ထွက်လိုက်တယ်...။

"ကျွန်တော်ပြန်လာတာကို ကိုကိုသေချာပေါက်စောင့်နေရမယ်နော်....."

"အင်း...."

"ကျွန်တော်သွားပြီ....."

ရှောင်းကျန့်က မနေ့က အဖျားဝင်ထားပြီး အရှင်းမပျောက်သေးဘူး...။
နဂိုကတည်းက အားနည်းနေတာကို အဖျားပါနှိပ်စက်တော့ အိပ်ရာပေါ်ကတောင် မဆင်းနိုင်ဘူး...။
ဒါကြောင့် သူက နိုင်ငံခြားကို ခရီးထွက်ရမယ့်ကောင်လေးရဲ့ ကျောပြင်ကို စိတ်မောစွာနဲ့ ငေးကြည့်နေရုံပဲ တတ်နိုင်တယ်...။

ရိုးတွင်းချဉ်ဆီအစားထိုးဖို့အတွက် ကိုက်ညီတဲ့လူတွေ့ပေမယ့် အဲ့ဒီလူက လှူဖို့စာရင်းမပေးထားလို့ ရိပေါ်က အဲ့နိုင်ငံအထိလိုက်သွားပြီး အလှူရှင်ကို သွားအကူအညီတောင်းမှာလို့တော့ ရိပေါ်ကပြောတာပဲ....။
သူ့ရှေ့တင်ကြီးပြင်းလာခဲ့တဲ့ကောင်လေးမို့ ဒီကောင်လေးက အမှန်တရားအကုန်မပြောမှန်း သူသိနေတယ်...။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Où les histoires vivent. Découvrez maintenant