တစ်ညလုံးသောင်းကျန်းပြီး ဒေါသထွက်သွေးပူနေတုန်းက ဘာမှမစဉ်းစားနိုင်ပေမယ့် အခုစိတ်ငြိမ်သွားတော့ ခေါင်းက ပြန်အလုပ်လုပ်လာတယ်....။
အဖေက အခန်းထဲထည့်ပိတ်ပြီး ကြိုးတုပ်ပေးစားတာကို သူက ဘာလို့လက်ခံရမှာလဲ....။ထွက်ပြေးဖို့အကြိမ်ကြိမ်ကြိုးစားတယ်...။
ပြန်ဖမ်းခံရတယ်...။ဘာကြောင့်ရယ်မသိ နှစ်ရက်တိတိအခန်းထဲပိတ်ခံထားရပေမယ့် စေ့စပ်ပွဲကို မသွားရသေးဘူး။
နောက်ရွှေ့လိုက်တာလားတော့ သူမသိဘူး...။ဒီရက်တွေအတွင်းမှာ သူက အငတ်ခံဆန္ဒပြတယ်။
ပစ္စည်းတွေ ဖျက်ဆီးပစ်တယ်။
လူလစ်တိုင်းထွက်ပြေးတယ်။
ဒါတောင်သူအခုထိ အခန်းထဲပိတ်ခံထားရတာကနေ မလွတ်မြောက်နိုင်သေးဘူး။သူ့အဖေအိမ်တော်မှာ ရှိနေသရွေ့သူပြေးလို့မလွတ်ဘူးဆိုတာ သူသဘောပေါက်သွားတဲ့နောက် သူ့အဖေအိမ်တော်ကနေ အပြင်ထွက်မယ့်အချိန်ပဲချောင်းနေတော့တယ်။
အဖေအပြင်သွားရင် ကိုယ်ရံတော်တစ်ဝက်လောက်ကအပြင်ပါသွားတတ်တာမို့ သူပြေးဖို့အခွင့်အရေးရှိတယ်....။၃ရက်မြောက်မနက်မှာ မိုးလင်းလင်းချင်း အဖေက ရေးကြီးသုတ်ပြာနဲ့ အပြင်ထွက်သွားတာကို ပြတင်းပေါက်က လှမ်းမြင်လိုက်တယ်....။
သူထွက်ပြေးဖို့အချိန်ရောက်လာပြီ....။အောက်ထပ်မှာလှည့်နေတဲ့ ကိုယ်ရံတော်တွေလစ်တာနဲ့ ပြတင်းပေါက်ကို ကန်ဖွင့်လိုက်တယ်။ အထဲက အသံကြားလို့ထင်ပါရဲ့...။
အခန်းတံခါးကို သော့နဲ့လှည့်ဖွင့်တဲ့အသံ ကြားလိုက်ရတယ်...။
ဒါကြောင့် ဘာမှများများစားစားစဉ်းစားမနေဘဲ ပြတင်းပေါက်ကခုန်ချလိုက်တယ်....။သူ့အခန်းက ဒုတိယထပ်မှာ ရှိတယ်ဆိုပေမယ့် ပြတင်းပေါက်တည့်တည့်မှာ သစ်ပင်တစ်ပင်ရှိတာကြောင့် ကျိုးကန်းတော့ မသွားပါဘူး....။သစ်ကိုင်းတွေက လက်တွေခြေတွေရော မျက်နှာတွေပါခြစ်မိပြီး အင်္ကျီတွေပြဲကုန်တာနဲ့ ခြေထောက်နည်းနည်းနာသွားတာရယ်ကပဲ ပြဿနာ...။
ခြေထောက်ကနာသွားတော့ အရမ်းမပြေးနိုင်တာမို့ ခြံပေါက်မရောက်ခင် နောက်ကပြေးလိုက်လာတဲ့ ကိုယ်ရံတော်တွေ လက်ထဲပြန်မိသွားတာပါပဲ....။
ဒီတစ်ကြိမ်တော့ ပြန်အဖမ်းမခံနိုင်တာမို့ အသေအကြေပြန်တိုက်ခိုက်ပစ်လိုက်တယ်....။
YOU ARE READING
𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵
Fanfictionလူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ?? လူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ??