Chapter 13 (Poisonous kiss)

7K 774 30
                                    

Suggest song
Fallin' all in you by Shawn Mandes

မနက်ခင်းတွေကို ချစ်သူရဲ့မျက်နှာလေးကြည့်ရင်းနိုးထခွင့်ရတာ ရိပေါ်အတွက်တော့ အကြီးမားဆုံးဘဝရဲ့ဆုလဒ်တခုပါပဲ။

သိပ်မကျန်တော့တဲ့သူ့ရဲ့အချိန်တွေအတွက်လဲ တခြားမျှော်လင့်ချက်မရှိတော့ဘူးမဟုတ်လား?

သူ့ကျန့်ကောဟာ သူနဲ့ဆန့်ကျင်ဘက်လိုပဲ နှလုံးသားနုလွန်းတယ်။ အရာရာကိုသနားကြင်နာတတ်တယ်။ ယုတ်စွအဆုံး အသက်မရှိတဲ့ပန်းပင်လေးတွေကို သူနှုတ်ရင်တောင် သူ့ကိုဆူပြောချင်သေးတဲ့ သူ့Merman လေးမသိအောင် ရိပေါ်ဘယ်လိုများတခြားMerman တကောင်ထပ်ဖမ်းပြီး နှလုံးထုတ်ရပါမလဲ?

တကယ်လို့များ ကျန့်ကောသိသွားပြီး သူ့လိုအတ္တကောင်ကိုထားပစ်ခဲ့မှာ သူအရမ်းကြောက်ပါတယ်။
'ကျန့်ကော သူ့ကိုထားများထားခဲ့ရင်' ဆိုတဲ့အတွေးနဲ့တင်နှလုံးသားတခုလုံး အက်ကြောင်းတွေထင်လာသလိုပင်။
ရိပေါ်အခုအလိုချင်ဆုံးကကျန်ရှိနေသမျှ စက္ကန့်တိုင်းကို ကျန့်ကောနားမှာ အတူရှိနေဖို့တစ်ခုသာ။

ရှောင်ကျန့်ကတော့ ဟိုတခါ တစ်လလောက်ပျောက်ထားလို့ သူ့မျိုးနွယ်တွေ သူ့ကိုသတိထားစောင့်ကြည့်နေကြသောကြောင့်ဆိုကာ ပင်လယ်ထဲ တစ်ပတ်တစ်ခါလောက်ပြန်တတ်သည်။

ထိုသို့တရက် နှစ်ရက်လောက် ခွဲရသည်ကိုပင်ရိပေါ်ကတော့မကြိုက်ပါ သို့သော် သူ့မှာရှောင်ကျန့်ကိုမပြန်ဖို့တားရန် ပြောပြစရာအကြောင်းပြချက်မရှိ။

ပြန်လာမယ်ကတိအမြဲပေးသွားပေမယ့် အကြောင်းတစ်ခုခုကြောင့်ဖြစ်ဖြစ် ရှောင်းကျန့်ပြန်မလာမှာ သေလောက်အောင်ကြောက်ပါသည်။

နှလုံးသားသည်လည်း ခုနောက်ပိုင်း အခြေအနေပိုဆိုးလာသည်။ ချစ်သူနှင့်ပျော်ရွှင်ကြည်နူးချိန်ရင်ခုန်ရင် ဖြစ်​ပေါ်တတ်သည့် အောင့်သက်ခြင်းကို သည်းခံနိုင်သော်လည်း၊ ချစ်သူပင်လယ်ထဲပြန်သွားချိန် စိုးရိမ်မှုများစွာ အတွေးများစွာနဲ့ဖြစ်ချိန်များတွင် ဖြစ်ပေါ်လာတတ်သော နှလုံးသားရဲ့တဖြည်းဖြည်းကွဲကြေလာမှုဒဏ်ကိုတော့ ရိပေါ်လူးလှိမ့်နေအောင်ခံရပါသည်။တင်စားပြောဆိုခြင်းမဟုတ်ပါ တကယ်ကိုရိပေါ်တယောက်ကြမ်းပြင်မှာလူးလှိမ့်နေအောင် နှလုံးသားကနာကျင်မှု​ဝေဒနာခံစား​နေရတာပါ။

Scientist and His MermanWhere stories live. Discover now