Extra ♥♥♥

Mulai dari awal
                                    

" ပြောစရာမရှိဘူး "

" အဲ့တာဘဲ တစ်ခုခုကို မကျေနပ်ရင် ကျွန်တော့ကို သေချာပြောမှ ကျွန်တော်သိမှာလေ အဲ့တာမှ ရှင်းပြရမလား ချော့ရမလားဆိုတာ ဟင် "

ရိပေါ် က ကုတင်ခေါင်းရင်းကို ကျောမှီပြီး ထိုင်နေတော့
ရှောင်းကျန့်လဲ ထ ထိုင်လိုက်သည်။

" ပြော ကျွန်တော့အချစ်လေး ဘာကို မကျေမနပ်ဖြစ်နေတာလဲ"

" မျက်နှာမပြောင်နဲ့ "

" အင်း "

ရိပေါ် ပြောရင်း အနောက်က သိုင်းဖက်ထားရမှ လည်တိုင်နုနုလေးကို တစ်ချက် ဖိနမ်းလိုက်သည် ။

" နေ့လည်က ကောင်လေးက ငါတို့ထက် ငယ်မယ့်ပုံပဲ "

"အင်း ငယ်တယ် ကျွန်တော့ထက် ၂နှစ်လောက်ငယ်တယ်လေ "

" မင်းသူငယ်ချင်းပေါ့ "

" အင်း ဒီရောက်ပြီး အကုန်လိုက်ကူညီပေးတဲ့ စီနီယာတစ်ယောက်ရဲ့ ညီလေ ဒီမှာက အသက်တွေဘာတွေ ခွဲပြီး ဆက်ဆံတာ မရှိတော့ သူနဲ့က ပိုခင်သွားတာ "

"အဲ့လိုဘဲ ရင်းရင်းနှီးနှီးနေတာလား "

ကိုကို ဘာဖြစ်နေလဲ ဆိုတာ ရိပေါ် အခု သိပြီးထင် ။
ပြုံးတီးတီး ဖြစ်နေတဲ့ မျက်နှာကို အရင်ပြင် ပြီး ရှင်းပြရတော့မှာပေါ့ ။

" အင်း သူက ပွင့်ပွင့်လင်းလင်းနေတာကွာ ဟိုရောကက်ပြီး ကျွန်တော့မှာ ကိုကိုရှိတယ် ဆိုတာကိုလဲ ပထမဆုံး ပြောပြရဲတဲ့ လူလေ.. သူက ထင်ထားတာထက် နားလည်ပေးသေးတယ် ကျွန်တော်နဲ့တွဲ ပြီး သူကိုယ်တိုင်လဲ မိန်းမ သဘောကျတာလား ယောကျာ်းသဘောကျတာလား မသဲကွဲတော့ဘူးတဲ့ "

" အင်း "

" ဒါပေမယ့် ကျွန်တော့ကို သဘောမကျတာတော့ သေချာတယ် "

" ဘာလို့လဲ "

" အော် သူကိုယ်တိုင်ပြောတာလေ။ ကျွန်တော်က သူနဲ့ တွေ့တာ ၂၄နာရီ ရှိတယ်ဆို ၂၃ နာရီက ကိုကို့အကြောင်းဘဲ ပြောတာလေ အဲ့တာကြောင့် သူသဘောကျခြင်းကျ မင်းကိုကိုကိုပဲ သဘောကျမိတော့မယ်တဲ့ "

"သေချာလား "

" ကိုကို သဝန်တိုတာ ချစ်ဖို့ကောင်းတယ် "

L O V E  [YIZHAN]Tempat cerita menjadi hidup. Temukan sekarang