အပိုင်း ၁၃

11.6K 912 8
                                    

ချစ်ခြင်းမေတ္တာရယ် မင်းရယ်
ထပ်တူညီမှုကျတဲ့အခါ ငါ့ကမ္ဘာမှာပန်းတွေဝေတယ်။

************

အအေးပိုလာ၍ ခြုံထားတဲ့ စောင်နဲ့ မဖြစ်တော့ဘူးထင်။ သူ့ဘေးကို ပိုပိုပြီး တိုးကပ်လာတယ်။ တစ်ကိုယ်လုံးနီးပါးရင်ခွင်ထဲရောက်မှ မျက်နှာက ပြုံးရောင်သန်းသွားသေးသည်။ ယုန်တွေက အအေးကြောက်သည်တဲ့လား ။
လူတစ်ကိုယ်လုံးတိုးကပ်၍ ရင်ခွင်ထဲ လှုပ်စိလှုပ်စိ ဖြစ်နေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်နိုးလာရသည်။

သူ့ထက် အရပ်လေးနည်းနည်း ပိုရှည်၊ အသက်လေးနည်းနည်း ပိုကြီးတာကလွဲရင် ကိုကို က တကယ့်ကလေးပင်။ သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ကောင်လေးကို ရိပေါ် စိုက်ကြည့်နေလိုက်တယ်။ ကလေးလို အသားအရည်နဲ့ ပါးနုနုလေးတွေ၊ မျက်တောင် ရှည်ရှည်လေးတွေ၊ သူ့ကို မဟုတ်တာတွေ ပြောတက်တဲ့ နှုတ်ခမ်းလေးနဲ့ နှုတ်ခမ်းအောက်က မှဲ့လေးကိုပါ လက်နဲ့ ဖွဖွလေးတို့ ထိနေမိတယ်။

ချစ်ရသူနဲ့အတူ နိုးလာရတဲ့ မနက်ခင်းက လှပတယ်လို့ ပြောကြတာကို ပုံပြင်တွေ၊ ဇတ်လမ်းထဲမှာပဲ ရှိမယ်လို့ ထင်တဲ့ ရိပေါ်တစ်ယောက် အခုတော့ တကယ်ကြီး ကြုံ နေရလေပြီ။

အစိတ်အပိုင်းတစ်ခုချစ်းစီကို မြတ်နိုးရတဲ့ ဒီကောင်လေးကို သူဘယ်လို လက်လွှတ်ရပါ့ ။ ချစ်တယ် ကိုကို။
ညအိပ်ရာဝင်ပြီး နိုးထလာတဲ့ နံနက်ခင်းတွေကို ကိုကို
နဲ့ပဲ နိုးထပါရစေ။

ရိပေါ် ရှောင်းကျန့် နဖူးပေါ်သို့ နှုတ်ခမ်းထိရုံမျှ သာ နမ်းလိုက်လေသည်။

" ကိုကို... ထတော့လေ နေ့လည်ရောက်နေပြီး "

ရိပေါ် ရေမိုးချိုး၊ အကုန်ပြင်ဆင်ပြီးနေပေမယ့် သူ့အိပ်ပုတ်ကတော့ အိပ်လို့ကောင်းနေတုန်းပင်။

အမှန်တော့ ရှောင်းကျန့် ရိပေါ် အဝတ်စားလဲနေတည်းက နိုးနေပေမယ့် ထလို့မရဲပေ။ မျက်နှာပူတာလဲ ပါတယ်။ ရှက်တာလဲပါတယ်။ ညက နှစ်ဦးနှစ်ဖက်သဘောတူညီမှုနဲ့ နမ်းပြီး အခုလဲ ကုတင်ပေါ်ရောက်နေပြန်တယ်။ ရှောင်းကျန့်ရား ဟိုက မချော့ရသေးဘူး မင်းက ပါချင်ချင်ဖြစ်နေတယ်ဆိုပြီး ဟိုလူပျို ကြီး ကဲ့ရဲ့အုံးမယ်။ ဘယ်လိုလုပ်ရမလဲ သူထွက်သွားတဲ့ထိ စောင့်ရမလား။ ဝမ်ရိပေါ်ရေ ငါ့ကို အသက်ရှင်ခွင့်လေး ပေးပါအုံး။

L O V E  [YIZHAN]Where stories live. Discover now