အယောင်အဆောင် သတို့သမီး(၅)

630 51 2
                                    


                             အခန်း(၆)
"ရှင့်ကို ကျမ ချစ်တယ် ရဲရင့်။ ဒါပေမယ့် ရှင့်ကိုလည်း လက်မထပ်ရဲဘူး။"

သူက ကျတော့်ကို ချစ်ပဲချစ်ပြီး လက်မထပ်နိုင်ဘူးတဲ့လား။ ဒါဆို ပွင့်ပွင့်လင်းလင်း ပြောသင့်တာပေါ့။

"ဘာလို့လဲ။ ဘာလို့ လက်မထပ်ရဲတာလဲ။"

"ဘာလို့လဲဆိုတော့ ကျမ..... ကျမမှာ ..."

ပန်းချီ ပြောရင်းဆိုရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတယ်။ ဘာဖြစ်မှန်းမသိပေမယ့် အရေးကြီးတဲ့တစ်ခုခုမှန်းတော့ ကျတော် ခံစားလို့ရတယ်။

"ပန်းချီ ဘာဖြစ်လို့လဲ။ ဘာဖြစ်တာလဲ။"

"တကယ်တော့ ဒီစကားတွေကို အစတည်းက ပြောပြချင်ခဲ့တာပါ။"

"ခုမှ ပြောလည်း နောက်မကျ ပါဘူး။ ပြောသာပြောပါ။"

"ကျမမှာ HIV positiveတဲ့။ ကျမ ဘာလုပ်ရမလဲ ရဲရင့်။ လက်ထပ်ဖို့ လေးရက်အလိုမှ သိခဲ့ရတာလေ။ ကျမ ဘာလုပ်ရတော့မလဲ။  ကျမ လက်ထပ်လို့လည်း မဖြစ်ဘူး။ ငြင်းလို့လည်း မဖြစ်ဘူး။ အဓိကက ကျမတို့နှစ်ဖက်မိဘရဲ့ အရှက်သိက္ခါပဲ။ ဒါကြောင့် ကျမနဲ့ဆင်တူတဲ့ ယောက်ျားကို အစားထိုးခဲ့တာ။ ကျမလည်း ရင်ကွဲရပါတယ်။ ရှင့်အရှက်တကွဲ အကျိုးနည်း ဖြစ်မလားလို့ ရင်တမမနဲ့ နားစွင့်နေရတယ်။"

မျက်ရည်စမ်စမ်း အသံတုန်တုန်နဲ့ ပြောနဲ့တဲ့ ပန်ချီကိုကြည့်ပြီး ကျတော့်ရင်ထဲ လေးလံလာတယ်။ ပန်းချီမှာ HIV ပိုးရှိနေတာတဲ့။ အဲဒါကို လက်ထပ်ခါနီးမှ သိတာတဲ့။ ဆိုးလိုက်တဲ့ဘဝ။ အခုတော့ ကျတော် ဘာလုပ်ရတော့မလဲ။ ချစ်သူက HIV ပိုးရှိတယ်။ မိဘတွေက သတို့သမီးက ပန်းချီမဟုတ်မှန်းသိတော့ စိတ်ဆိုးကြတယ်။ မင်္ဂလာပွဲမှာ အရှက်ကွဲမခံချင်လို့ ငြိမ်နေလိုက်ကြတယ်။ ပန်းချီသာ အဲဒီပိုးရှိမှန်းသိရင် ဆက်စိတ်ဆိုးကြဦးမလား။ ကျတော်ကရော ပန်းချီကို ချစ်နိုင်သေးရဲ့လား။ ဘာမှ မသေချာတော့။ သေချာတာကတော့ ကျတော်က ယောက်ျားတစ်ယောက်နဲ့ မင်္ဂလာဆောင်ခဲ့ရတယ်။

"ဒါ... ဒါပေမယ့် ဘာလို့ ယောက်ျားတစ်ယောက်ကို အစားထိုးရတာလဲ။"

အယောင်ဆောင် သတို့သမီး(အယောင်ဆောင် သတို့သမီး)Where stories live. Discover now