အယောင်အဆောင် သတို့သမီး ( ၁)

1.6K 57 0
                                    

                    အခန်း(၁)
             
အခန်းထဲမှာ ကျတော် ခေါက်တုန့်ခေါက်ပြန် လျောက်နေမိတယ်။ ဘာလုပ်ရမလဲ မင်္ဂလာပွဲကနီးနေပြီ။ ချိတ်မှာ ချိတ်ထားတဲ့ ဖြူလွှလွှ ဂါဝန်လေးကို ဝတ်လိုက်ရတော့မလား။ ဟာ မဖြစ်သေးပါဘူး။ ဒီဝတ်စုံကြီး တစ်ချိန်လုံးဝတ်ထားပြီး ဘယ်လို သွားလာလုပ်ရှား ရမလဲ။ လူတွေ ရိပ်မိကုန်မှဖြင့်။

"အချိန်တိုင်းသတိရလို့ ××× တောင်းပန်ပါတယ် ××××
အချိန်တိုင်း လွမ်းမိလို့ ×××× ငါတောင်းပန်တယ်... "

မြည်လာတဲ့ ဖုန်းသံကို တစ္ဆေသရဲတစ်ကောင်လို ကျတော် ကြောက်လန့်တကြား ကြည့်နေမိတယ်။ ဟင့်အင်း။ အဲဒီဖုန်းကို ကိုင်လို့မဖြစ်ဘူး။ သတို့သားဘက်ကပဲ ခေါ်ခေါ်၊ မပန်းချီပဲ ခေါ်ခေါ် အကုန်လုံးက မင်္ဂလာပွဲကို လာဖို့ တွန်းအားတွေပဲ ဖြစ်လာမှာ။

"အချိန်တိုင်းသတိရလို့ ××× တောင်းပန်ပါတယ် ××××
အချိန်တိုင်း လွမ်းမိလို့ ×××× ငါတောင်းပန်တယ်... "

ဟော ထပ်ခေါ်ပြန်ပြီ။ မပန်းချီပေးထားတဲ့ကဒ်။ အတိအကျပြောရရင် မပန်းချီ သုံးနေကျ ကဒ်။ နောက်ဆုံးတော့ ကျတော် ​ရင်တထိတ်ထိတ်နဲ့ ဖုန်းကို ကိုင်လိုက်တော့ ဖုန်းခေါ်တာ ရဲရင့်စည်သူတဲ့။ သတို့သား ဖုန်းခေါ်နေပြီ။ ကိုင်လိုက်လို့ မဖြစ်ဘူး။ ကျတော့်ယောက်ျားသံက သူ့ကို ကသိကအောက် ဖြစ်စေလိမ့်မယ်။ လက်ထပ်ခါနီး သတို့သမီးနားမှာ ယောက်ျားတစ်ယောက် ရှိနေတဲ့အဖြစ်မျိုးကို ဘယ်သတို့သားမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ဟင် ဒါဆို ဘာလုပ်ရမလဲ။

"အချိန်တိုင်း ဖုန်းဆက်မိလို့ ××× တောင်းပန်ပါတယ် ×××× ချိန်တိုင်း ဂရုစိုက်မိလို့ ×××× ငါတောင်းပန်တယ် ×××× နင်အသိအမှတ်မပြုခဲ့ ငါရဲ့အချစ်ကို ..... "

ဟာ မဂ်လာပွဲက နီးနေပြီ။ သတို့သမီးသာ မလာရင် သတို့သား တစ်ယောက်တည်း အရှက်ကွဲတော့မယ်။ ဘယ်လိုလုပ်ရမလဲ။ အဖြစ်မှန်ကို ပြောပြီး မင်္ဂလာပွဲကို ဖျက်ခိုင်းလိုက်ရမလား။ ဟုတ်တယ်။ ပြောလိုက်မယ်။

ကျတော် ဖုန်းပြောဖို့ ဖုန် Screenပေါ်  လက်မလေးကို ရွှေ့လိုက်သည်။ ညာဘက်ကို ရွေ့အပြီး တစ်ဝက်တစ်ပျက်အရောက်မှာ ရပ်လိုက်မိပြန်သည်။ နှစ်ဖက်မိသားစုရဲ့ သိက္ခါ၊ ပွဲလာလူသူ ပရိတ်သတ်တွေရဲ့ မျက်နှာတွေကို မြင်ယောင်လိုက်ချိန်မှာ ကျတော့်လက်မလေးကို ဘယ်ဘက်ကို ရွေ့လိုက်ပြနိတယ်။ နောက် ညာဘက်ကိုရွေ့လိုက်ပြန်တယ်။ အဲဒီအချိန် ........

အယောင်ဆောင် သတို့သမီး(အယောင်ဆောင် သတို့သမီး)Where stories live. Discover now