အပိုင်း၁၇

Magsimula sa umpisa
                                    

ဘယ်လိုလဲ အခု ဘယ်သူကဘယ်သူ့အပိုင်လို့ထင်လဲ အရှင်

ငါ ငါ အပြင်သွားလိုက်ဦးမယ်

ရုံန်းထွက်မည်ပြုသော်လည်း အင်အားခြင်းမမျှသည်ကိုခံစားလိုက်ရသည်

ငါ့ကိုလွှတ်

ကျွန်တော် လွှတ်ပေးမှာပါ ဒါပေမဲ့ ကျွန်တော့ကို ချစ်စရာကောင်းအောင်လုပ်ပြပြီး တောင်းဆိုကြည့်ပါလား အရှင်

ငါ ငါ ငါက ဘုရင်နော် ငါမင်းကို အပြစ်ပေးလို့ရတယ် ဟွန့်

အင်း အခု ကျွန်တော့ဆီကသာအရင်လွတ်ဖို့ကြိုးစားပါဦး

လက်တစ်ဖက်ကခါးကိုဖက်ထားပြီးကျန်လက်တစ်ဖက်ကဆုအိုင်၏လက်နှက်ဖက်လုံးကိုချုပ်ထားနိုင်သောအင်အားမှာနည်းတဲ့အင်အားမဟုတ်ဟုဆုအိုင်တွေးမိသည် အတင်းရုံန်းပေမဲ့လည်းလှုပ်ပင်မလှုပ်ရွေ့ပင်မရွေ့ပေ။

ငါ ငါ ငါက ဘုရင်နော် လွတ်ပေး

ချစ်စရာကောင်းအောင်ပြောကြည့်

ဟွန့် ဟူသောအသံလေးနဲ့အတူ မျက်စောင်းလေးခဲယုံမျှသာတက်နိုင်သည်

မထူးတော့ပါဘူးလက်ကလည်းအရမ်းနာနေပြီ ချစ်စရာကောင်းအောင်လုပ်‌တာများမခက်ခဲပါဘူးငါလုပ်နိုင်ပါတယ်

ဆုအိုင်ချက်ခြင်းပင်ယုန်ပေါက်စလေးအမှုအရာပြောင်းသွားကာဖြင့်

ကိုကို သားကိုလွှတ်ပေး သားလက်အရမ်းနာနေပြီလို့ နော်လို့ နော် လွှတ်ပေးပါနော် ကိုကိုနော်

ထိုချစ်စရာကောင်းလွန်းတဲ့အသံနဲ့အမှုအရာကိုကြည့်ကာ လုယီမာ ပြုံးမိသွားပြီး

ကောင်းပြီ

မြေခွေးလက်ကလွှတ်သည့်ယုန်ငယ်ပမာဆုအိုင်
လုယီလက်ကလွှတ်သည်နှင့် ချက်ခြင်းထပြေးလေသည်တော့သည်

မျက်နှာတစ်ခုလုံးလဲမီးခဲပမာနီမြန်းနေလျက်ဖြင့်

ငါ ငါ အခန်းပြန်အိပ်တော့မယ်

လုယီကတော့ထိုပြာယာခတ်သွားတဲ့အမှုအရာကိုကြည့်ကာပြုံးနေမြဲ

သူဘယ်တုန်းကအဲ့လောက်ချစ်စရာကောင်းသွားတာလည်း ဟဟ ယုန်ပေါက်လေးလိုပဲ

ကမ္ဘာ ခြားလည်းချစ်နေမယ်Tahanan ng mga kuwento. Tumuklas ngayon