▪️▪️▪️▪️▪️▪️

"ကျွန်မ ရှင်နဲ့တွေ့ရတဲ့အကြောင်းရင်းက....ကျွန်မရှင့်ကိုလက်မထပ်နိုင်ဘူးဆိုတာပါ"

"Jennieရဲ့ မိဘတွေဆီက ကိုယ်ကြားထားပါတယ်"

"ဟုတ်ကဲ့"

"Jennieဘက်က ဒီလိုမျိုး ပွင့်ပွင့်လင်းလင်းပြောတဲ့အတွက် ကျွန်တော်ကလည်းဝမ်းသာပါတယ်"

"ကျွန်မကလည်း မပွင့်မလင်း မဖြစ်ချင်ဘူးလေ"

"ကျွန်တော်က Jennieကို ရနိုင်မယ်လို့ ထင်နေခဲ့တာ Jennieလိုအမျိုးသမီးက ရှားတယ်လေ"

"ဟုတ်ကဲ့ မစ္စတာလီလိုအမျိုးသားကလည်း ရှားပါတယ် ကျွန်မထက်ပိုကောင်းတဲ့အမျိုးသမီးနဲ့ပဲတွေ့မှာပါ"

"အင်း..မစ္စဂျင်းနီပြောသလိုပဲဖြစ်ပါစေဗျာ ကျွန်တော့ကို
ခွင့်ပြုပါဦး"

"ဟုတ်ကဲ့"

အခုမှပဲ ကျွန်မစိတ်ထဲ လိပ်ပြာသန့်သွားတော့သည်။
မဟုတ်ရင် သူ့အပေါ်မှာ..စိတ်မသန့်ပဲချစ်နေရမှာမျိုး ကျွန်မ တကယ်မလိုလားပါ။

ကျွန်မလိုချင်တဲ့' လီ 'က မစ္စလီ သာဖြစ်ပြီး မစ္စတာလီ
မဟုတ်ပါ။ အခုတော့ ကျွန်မရဲ့ မစ္စလီ မျှော်နေလောက်ပြီ။

▪️▪️▪️▪️▪️

ရှယ်ယာရှင်အသစ်များ၏ နာမည်စာရင်းတချို့ကိုစစ်ရင်း အမည်နာမတစ်ခုက ကျွန်မ၏ နာဗ်ကြောများအလုပ်လုပ်ချင်းကို တုံ့ဆိုင်းသွားစေသည်။

Kim Ji Soo

ဦးနှောက်ရှိသွေးများတောင်စောင့်တက်သွားလားမသိ။
ရုတ်တရက်ခေါင်းပါ မူးလာသည်။

ဒီလောက်ကြီးထိဖြစ်စရာမလိုဘူး Jennie..နင်စိတ်
လျှော့စမ်း...စိတ်လျှော့...စိတ်လျှော့.....

ကိုယ့်ကိုကိုယ် အားပေးရင်း အသိစိတ်နှင့်လူနှင့်ပြန်ကပ်အောင် မနည်းကြိုးစားရသည်။

▫️▫️▫️
"Jen ပင်ပန်းလာတာလား မျက်နှာကလည်း ဖြူလို့"

အဲ့လောက်တောင်သိသာနေသလား ကျွန်မမျက်နှာက။
အတတ်နိုင်ဆုံး ကျွန်မရဲ့ စိတ်ဆင်းရဲခြင်းတွေ သူ့ကို
မပေးလိုပါ။ သို့သော်....

Her EyesWaar verhalen tot leven komen. Ontdek het nu