❤🖤 1

1.3K 48 26
                                    

"ဆန်းကြယ်တဲ့ဘဝဇာတ်ခုံထဲ သာမာန်ဆန်တဲ့ ​နေ့တစ်ရက်မှာမှ
ထူးခြားစွာတိုက်ဆိုင်စေခဲ့တယ်..."

ဒီနေ့လည်း အရင်နေ့တွေလိုပါပဲ...
အရင်လိုပဲ မျက်လုံးနှစ်လုံးဖွင့်
အရင်လိုပဲ အရင်လုပ်နေကျတွေလုပ်
အသားကျနေတဲ့ ဘဝထဲမှာ သူများတွေနဲ့ ရောထွေးခြင်းမရှိတဲ့ တစ်သီးတစ်သန့်ဘဝနဲ့ ကျတော်နေထိုင်မိတယ်...
သံစဉ်တွေ စာလုံးတွေ စာရွက်တွေဟာ ကျတော့်ရဲ့ ကိုယ်ပိုင်ကမ္ဘာငယ်...
နူးညံသိမ်မွေ့ပြီး စိတ်ကူးယဉ်ဆန်တဲ့ဘဝလေးကို ကျတော်နှစ်ခြိုက်တယ်...
အတွေးတွေကိုအဆုံးအစမရှိချဲ့ရင်း အရောင်စုံတွေကင်းတဲ့ အတွေးကမ္ဘာငယ်လေးက ကျတော့်ရဲ့ပစ္စုပ္ပန်နဲ့ အနာဂတ်...
အဆောင်အယောင်တွေမလို အရှက်လုံရုံ သက်တောင့်သက်သာအဝတ်အစားနဲ့ပဲ ရပ်ကွက်တစ်ပတ် ကျတော်ပတ်တယ်...
တစ်ပတ်စာ အိမ်တွင်းအောင်းဖို့ ရိက္ခာလေးတော့ကျတော်စုရမယ်လေ...
Note book တစ်အုပ်ကိုင် ဘောပင်တစ်ချောင်းနားကြားညှပ်ရင်း အများပြောသလို တောင်စဉ်ရေမရ မျက်လုံးကြောင်တွေနဲ့ကျတော်ငေးတယ်...
ခေတ်တွေဘယ်လိုပဲတိုးတက်လာပါစေ ကျတော်ကတော့ အပြင်သွားရင်စာအုပ်လေးထဲ Note မှတ်ပြီးရေးရတာ သဘောကျနေဆဲပဲ...
ဖုန်းသိပ်မကိုင်တတ်တဲ့ ကျတော့်အတွက် ဖုန်းနဲ့လူက အတူရှိချိန်ဆိုတာ မိနစ်နဲ့တိုင်း လက်ချိုးရေလို့ရနေတယ်...
ဖုန်းအားသွင်းဖို့တောင်မေ့နေတတ်တဲ့ ကျတော့်အတွက် ဖုန်းလေးကဝယ်ထားပြီးထဲက လက်ပူတောင်သိပ်မမိရှာဘူး...
အားသွင်းဖို့သတိမရတဲ့ပိုင်ရှင်လက်ထဲ ဖုန်းလေးကစက်ပိတ်လျက် ရာသီအလီလီပေါ့...
အလုပ်အပ်ဖို့ဆက်သွယ်ချင်တဲ့အခါ ကျတော်နဲ့ Customer တွေကြား Mae သာ ပေါင်းကူးတံတား...
ထမင်းပုံမှန်စား ဝါသနာပါတဲ့ အလုပ်လေးလုပ်နေရရင်ကို ကျတော်ပျော်မွေ့နေတာပါပဲ...
အိမ်နားက 24 hour 7- Eleven ဆီကိုလမ်းလျောက်ရင်း တောင်ငေးငေး မြောက်ငေးငေး...
ဘေးလူတွေက ကြောင်တောင်တောင်လို့ ထင်နိုင်ပေမယ့် အဲ့ဒီ့ ကြောင်တောင်တောင်မျက်လုံးတွေကနေ ပတ်ဝန်းကျင်ရဲ့ သံစဉ်အသစ်တွေကို ကျတော်ရှာဖွေနေတာ...
ပစ္စည်းတန်းတွေထဲပတ်မွှေရင်း လိုအပ်တာတွေစဉ်းစားလိုက် တွေးရင်းတန်းလန်း တစ်ဖက်ချော်တွေးမိတဲ့ စာသားတွေ Note ထဲရေးချလိုက်နဲ့ ဒီဆိုင်ထဲရောက်ရင် တစ်ခါပြန်ထွက်ဖို့ နာရီနဲ့ချီအောင်ကြာတတ်တယ်ဆိုတာ ရင်းနှီးပြီးသားဖြစ်တဲ့ဆိုင်ဝန်ထမ်းလေးတွေကတော့ ကောင်းကောင်းသိနေခဲ့ပြီးသားပါပဲ...
အိမ်တွင်းအကြာကြီးအောင်းတတ်လို့ ကိုယ်လိုတာကိုယ်ပဲသေချာစဉ်းစားရတာကတစ်မျိုး မြင်မြင်သမျှအပေါ် အကြီးကြီးခံစားပြီး အတွေးတွေဆန့်တန်းမိတာကတစ်ဖုံနဲ့ လူတွေမျက်လုံးထဲတော့ ကျတော်ကအရူးသာသာပါ....
ကိုယ်လုံးနှစ်ဆနီးပါးဘောင်းဘီအကွက်ထူနဲ့ တီရှပ်ခပ်ပွပွတစ်ထည်သာ အဆင်စုံဝတ်တတ်တဲ့ကျတော့်အတွက်တော့ မရိုးသောဖက်ရှင်...
မျက်နှာတစ်ဝက်လောက်နေရာယူထားတဲ့ မျက်လုံးရောနှာခေါင်းပါ ကာနိုင်တဲ့ မျက်မှန်နဲ့နှာခေါင်းမှန်က ကျတော့်တစ်ယောက်ဆီမှာသာသီးသန့်မြင်ရနိုင်တဲ့ ပါဝါထူထူ ပုံတုန်းကိုင်းကြီးနဲ့အရာကလည်း မျက်နှာပေါ်အများဆုံးနေရာယူထားတဲ့အရာဝတ္တုတစ်ခု.....
ဒီပုံစံနဲ့ ဒီအသက်အရွယ်ထိ ဘယ်သူမှအဖက်မလုပ်ချင်တာလည်း ထူးဆန်းမနေတော့ပါဘူးလေ...
တစ်တန်းပြီးတစ်တန်းပတ်လျောက် အကြာကြီးတွေး စဉ်းစားမိရာကောက်ထည့် စိတ်ကူးထဲပေါ်လာတာချရေး ကမ္ဘာ့အပြင်ဘက်ရောက်နေသောကျတော်က...

If I Will Love❤🖤Where stories live. Discover now