Tom loved Jerry 17

Start from the beginning
                                    

စစ်ကျွေး ကုမ္ပဏီရောက်တော့ ဟွိုက်စန်းတစ်ယောက် သူ့ဆီပြေးလာသည်

ဟွိုက်စန်း : စစ်ကျွေး  ဒီနေ့ အကိုကျန့်မလာဘူးသိလား ငါတို့အေးအေးဆေးဆေးနေလို့ရပြီ
စစ်ကျွေး ခဏစဉ်းစားလိုက်တယ်၊ပြီးမှ သူသိသွားသလိုနဲ့
စစ်ကျွေး  : အော် အင်းး
ဟွိုက်စန်း : မင်းတို့သိထားတာလား ကျင်းလင်ကလည်း ဒီလိုဘဲဖြေတယ် ငါမေးတော့ ပြန်မဖြေဘူး
စစ်ကျွေး : မင်းမကြာခင်သိလာမှာပါ
ဟွိုက်စန်း : ဘာလဲကွာ မင်းတို့ကလည်း ငါ့ကိုဆိုမပြောပြဘူး
ကျင်းလင် :  ကဲတော်ပြီ ကိုယ့်အလုပ်ကိုလာလုပ်တော့  မကြာခင်မှာ မင်းမသိချင်ဘူးဆိုရင်တောင်သိရမှာ
စစ်ကျွေး  : ဒါနဲ့လေ ငါတို့ promotion က လုပ်ဖြစ်လောက်မှာ အဲ့တာမင်းတို့ စက်ရုံမှာရှိတဲပစ္စည်းတွေ
သွားရေပြီး စုထားကျ
ကျိုးချန်  : မနေ့ကတောင် ပိုက်ဆံမရှိလို့ မင်းတို့ဒုက္ခရောက်နေတာလေ အခုအဆင်ပြေသွားပြီလား
ကျင်းလင် : အကိုကျန့်မှာ ငါတို့မသိတဲ့ မြှုပ်ကွက်ကြီးရှိတယ်လေ ဟားးးဟားးး
စစ်ကျွေးနဲ့ ကျင်းလင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်ကြတော့လေသည်။.........

ရှောင်းကျန့်ဝမ်ရိပေါ်အား ရန်လုပ်နေခြင်းပင်
XZ. : နောက်အပတ်ဆို မင်္ဂလာဆောင်ရမယ်ပေါ့ဟုတ်လား ဝမ်ရိပေါ် မင်းဦးနှောက်ရောကောင်းသေးရဲ့လား
Yibo : ဘာလဲမင်းက အချိန်ဆွဲချင်သေးတာလား
ရတယ်လေ ၊ဒါဆိုလည်း မင်းငါ့ကို အတိုးပေးရမယ်
ငါ့ပိုက်ဆံတွေက အလကားရတာမဟုတ်ဘူးနော်
XZ. : ဟမ် အတိုးဟုတ်လား
Yibo : ပေးမှာလား ငါပါးကိုပြောပြီး ရက်ရွှေ့ခိုင်းလိုက်မယ်
ထိုအခါမှ ရှောင်းကျန့် မျက်တောင်လေးပုပ်ခတ်ပုပ်ခတ်လုပ်ကာ ဝမ်ရိပေါ် ပခုံးလေးအား လက်ညိုးလေးနဲ့ တို့နေပြီး
XZ. : ရိပေါ်ကလည်း ငါက အချိန်ကနည်းလွန်းနေတော့ မင်္ဂလာပွဲအတွက် ပြင်ဆင်ချိန်မရမှာစိုးလို့ပါ
ဟီးးဟီးး
Yibo : ပိုက်ဆံရှိရင် အကုန်အဆင်ပြေတယ်
XZ    : မင်းကလည်း ဒါဘဲ မပြောချင်ဘူးးး
XZ   :ဒါနဲ့လေ ဝမ်ရိပေါ် မင်းကဘာလို့ စာမေးပွဲနောက်ဆုံးရက်တုန်းက အိမ်ပြန်မလာတာလည်း
Yibo : ငါပြန်လာတယ်
XZ    : လျှောက်ပြောမနေနဲ့  ငါတစ်ညနေလုံးစောင့်နေတာ မင်းကိုမတွေ့ဘူး
Yibo : မင်းကငတုံးဘဲလေ ဘယ်တွေ့မလဲ............

Tom loved Jerry (complete)Where stories live. Discover now