Tom loved Jerry 15

Start from the beginning
                                    

XZ  : မင်းက ငါ့ကလေးတွေကိုတော်တော်အထင်သေးတာဘဲ ငါမင်းကိုပြောလိုက်မယ် ငါတို့ဌာနက တစ်နေ့မှာ မင်းတို့ဌာနထက် သာကိုသာစေရမယ်

အားထန် : ဟားးဟားးး တော်တော်ရယ်ရပါလား ရှောင်ရှောင်းကျန့် ငါကလည်းမင်းကိုပြောလိုက်မယ်
မင်းတို့သာ ငါတို့ဌာနထက် သာသွားမယ်ဆိုရင် ငါအားထန် မင်းတို့တစ်ယောက်ချင်းဆီကို ဒူးထောက်တောင်းပန်ပြမယ်

XZ : ဟုတ်ပြီ မင်းစကားကို မင်းမြဲမြဲမှတ်ထား လာသွားမယ် ကလေးတွေ
...... : ဟုတ် !!!
" အမလေး ခုမှဒင်းတို့က စည်းရုံးပြနေတာ လန့်တောင်သွားတယ် "

ဒီလိုနဲ့ ကိုယ့်ဌာနကို ပြန်လာကြတော့သည်။
စစ်ကျွေး  : အကိုကျန့် တကယ်ပြောတာလားဟင်
XZ           : ဘာကိုလဲကွာ အရင်းမရှိ အဖျားမရှိနဲ့
စစ်ကျွေး  : ခုနက အကိုပြောတဲ့ဟာလေ
ရှောင်းကျန့်သဘောပေါက်လိုက်ပါပြီ.....
" နောက်ဆုံးတို့ ဒီပြဿနာကနေ ငါနောက်တစ်ယောက်ကိုပါ ပြန်ဆွဲခေါ်နိုင်တော့မယ်........ "
ရှောင်းကျန့်မေးလေးထောက်ကာ
XZ   : စစ်ကျွေးရေ လူဆိုတာ ရည်မှန်းချက်ထားရင် တစ်နေ့ အောင်ကို အောင်မြင်တယ် အဓိကက မင်းဆီမှာရှိတဲ့ စိတ်ဓာတ်ကိုခိုင်အောင်ထားထား ရှုံးလည်းပြန်ထနိုင်ရမယ်၊အောင်မြင်နေတဲ့လူတွေကိုကြည့် အရှုံးတွေကနေ ကိုယ့်ကိုယ်ကိုဆင်ခြင်ပြီး တက်လှမ်းလာခဲ့တာ ။
စစ်ကျွေး : အကိုကျွန်တော်အခုချိန်မှာ ပြန်ကြိုးစားရင် မှီနိုင်သေးလား
XZ         : မင်းမှာသာ ကြိုးစားချင်စိတ်ရှိရင် မင်းဘယ်အသက်အရွယ်ရောက်ရောက် အောင်မြင်ရမယ်။ဘယ်တော့မှ နောက်မကျသွားဘူး ငါ့ညီ
စစ်ကျွေး ရှောင်းကျန့်အား အထင်ကြီးလေးစားသွားသည်။
စစ်ကျွေး : ကျေးဇူးပါအကို
XZ          :ဘာအတွက်လည်း
စစ်ကျွေး : ကျွန့်တော့်လို ရှုံးနိမ့်မှာ ကြောက်နေတဲ့သူကို စိတ်ခွန်အားတွေ ပေးလို့ ၊ အခုကျွန်တော် ရှုံးမှာကိုမကြောက်တော့ဘူးသိလား
XZ.         : ကောင်းတယ် မင်းကြိုးစားလေ့လာ ပြီးရင်အသစ်ကပြန်စ ပိုကောင်းမွန်အောင်လုပ် မင်းမှာရှိတဲ့အရည်အချင်းကို အသုံးချ
စစ်ကျွေး : ဟုတ် အကို...................
ကျင်းလင် : အကို ကျုပ်တို့ promotion ကိုဘယ်လိုလုပ်မလဲ
XZ      : ငါတို့ဘာသာ လုပ်ရတော့မှာပေါ့
ကျင်းလင် : ကျွန်တော်ကြားတာတော့ promotion ပွဲတွေကို ဌာနခွဲလေးတွေက ကိုယ့်ဘာသာ လုပ်လို့မရဘူးတဲ့  ပြီးတော့ ကိုယ့်ဘာသာလုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ ငွေကြေးလိုတယ်
XZ    : အဲ့ဒါမှခက်ရော ငါ့မှာလည်း ငွေရေးကြေးရေးပြဿမာရှိတယ်
ကျင်းလင် : ကျွန်တော့်ကိုလည်း ပါးက ငွေဖြတ်ထားတယ် ကိုယ့်ဘာသာရှာသုံးတဲ့
စစ်ကျွေး : ကျွန်တော်ကလည်း ရသမျှပိုက်ဆံ ဂိမ်းထဲမှာဘဲကုန်တာ
XZ : အဲ့တာမှ ဒုက္ခ မင်းတို့မှာတောင်မရှိဘူးဆိုတော့ ဟိုနှစ်ယောက်မှာလည်းမရှိလောက်ဘူး
စစ်ကျွေး : ဟုတ်တယ် အကို ကျွန်တော်တို့ဘယ်လျုလုပ်မလဲ

Tom loved Jerry (complete)Where stories live. Discover now