Tom loved Jerry 15

Start from the beginning
                                    

ဟွိုက်စန်းထွက်သွားပြီး ဘယ်လောက်မှပင်မကြာသေးဘူး မျက်နှာငယ်လေးနဲ့ပြန်ဝင်လာတယ်

ဟွိုက်စန်း  : အကိုကျန့်
XZ   : ဟွိုက်စန်း ဘာဖြစ်လာတာလဲ အကို့ကိုပြော

ဟွိုက်စန်း : ကျွန်တော် အရင်ဆုံး ဌာနခွဲ ၂ ကိုသွားပြီမေးတယ် promotion ပွဲရှိလားလို့ သူတို့ကပြောတယ် မရှိဘူးတဲ့ ၊ အဲ့ဒါနဲ့ ဌာနခွဲ ၁ ကို သွားမေးလိုက်တယ် ဒါပေမယ့် အဲ့ဌာနမှာရှိတဲ့သူတွေက ကျုပ်ကိုဝိုင်းရယ်တယ်။ပြီးတော့ ကျုပ်တို့ပစ္စည်းတွေနဲ့promotion ချရင် သူတို့သိက္ခာကျတယ်တဲ့ ဒါကြောင့် လက်မခံဘူးတဲ့။
XZ   : ဘာ သူတို့ကဒီလိုဘဲပြောလိုက်တာလား လာသွားမယ် ၊ဘယ်သူကမင်းကိုပြောလိုက်တာလဲငါ့ကိုလိုက်ပြ
ရှောင်းကျန့်တို့ တစ်ဖွဲ့လုံး ဌာနခွဲ ၁ ဘက်ရောက်လာခဲ့တယ် ၊
ဟွိုက်စန်း : ဟိုမှာ အကိုကျန့် အဲ့လူကျွန်တော့်ကို ပြောလွှတ်လိုက်တာ
ရှောင်းကျန့် ဟွိုက်စန်းပြောတဲ့လူကို ခေါ်လိုက်တယ်
XZ  : ဒီမှာ  မင်းက ငါ့ဌာနကလူကို ပြောလွှတ်လိုက်တဲ့သူလား
ရှောင်းကျန့်ဘက်ကို ထိုလူလှည့်လာတယ်
XZ   : ဟမ် အားထန်
အားထန် : ဘယ်သူများလဲလို့ အတွင်းရေးမှူးကနေ အရောင်းဝန်ထမ်းလေးဖြစ်သွားတဲ့ ရှောင်ရှောင်းကျန့်ပါလားး
ရှောင်းကျန့် တကယ်ကို အံ့သြသွားသည်။
အကြောင်းမှာ သူ့အားအမြဲရိုသေပြီး အကိုကျန့် အကိုကျန့်နှင့် ပါးစပ်ကမချတဲ့သူက သူ့အား ရှေ့ကအကိုမထည့်ဘဲ နာမည်ကိုအားပါးတရခေါ်နေသည့်အပြင် လှောင်ပြောင်နေခြင်းပင်ဖြစ်သည်။
XZ  : မင်းကတော်တော်ယဉ်ကျေးမှုမရှိတာဘဲ ငါကမင်းထက် ရာထူးနိမ့်သွားရင်တောင် မင်းထက်ငါကအသက်ကြီးနေသေးတယ်အားထန်

အားထန် : အသက်ကြီးတော့ရော ဘာလုပ်ရမှာလဲ အဓိကက လူ့အသိုင်းအဝိုင်းမှာ ငွေရှိရင် အကုန်အဆင်ပြေတယ်သိလား ၊ပြောမင်းမှာငွေရှိလား အရင်က မင်းနား ကပ်ခဲ့တယ်ဆိုတာက မင်းကငါ့ထက် ရာထူးကြီးတဲ့အပြင် ဝင်ငွေလည်းကောင်းတယ် ၊ဒါကြောင့်ငါကပ်ခဲ့တာ အခုတော့ မင်းမှာမျှော်လင့်ချက်မရှိတော့ဘူး။ မင်းဌာနခွဲ ၃ ကိုရောက်ကတည်းက မင်းမှာမျှော်လင့်ချက်မရှိတော့တာဘဲ။

Tom loved Jerry (complete)Where stories live. Discover now