I'll Be Your Man - 20

Start from the beginning
                                    

တဆက်တည်းဆိုသလို Minaရဲ့အသံ​နောက်တွင် Chanyeolအသံနှင့် Baekhyunအသံကကပ်ပါလာသည်။

"လုပ်စရာရှိတာ သွားလုပ်ကြ​တော့​နော်
Chanyeolက စိတ်တို​နေတုန်းမို့ပါ... စိတ်ထဲမထားကြနဲ့​နော်"

"Baek!"

အန်တီကြီးတို့သုံး​ယောက်ကို မျက်နှာရိပ် မျက်နှာကဲပြပြီး ထွက်သွားခိုင်းရ​တော့သည်။
မဟုတ်ရင် သူ့​ကြောင့်နဲ့ အကုန်လုံး အားနာစရာ​တွေ ဖြစ်​တော့မည်​လေ။

အခန်းထဲတွင် နှစ်​ယောက်တည်းကျန်ခဲ့မှသာ Chanyeol​ဒေါသ​တွေကို ​ဖြေ​လျော့​ပေးရ​တော့မည်။

​ဘေးတိုက်မြင်​နေရ​သောမျက်နှာသည် တင်းမာ​နေသည်မှာ ​ပေါက်ကွဲထွက်​တော့မည့် ဗုံးတစ်လုံးလိုပင်။
မြင်​နေရ​သော လည်ပင်းမှ​သွေး​ကြော​တွေဟာလည်း ထင်း​နေပြီး... ခုံ​ပေါ်တင်ထားသည့် လက်တို့ကလည်း လက်သီးဆုပ်ထား​သေးသည်။

Baekhyunမသိမသာ တံ​တွေး​မြိုချမိလိုက်သည်။

​ချော့လို့​ရော ရပါ့မလား။

"​အား... ငါအိပ်​ရေးမဝဘူး"

ငြီးတွားရင်းနဲ့ Chanyeolလက်​မောင်းအားလက်နှစ်ဖက်ဖြင့် အပြီအပြင်ဖက်ကာ ​ခေါင်းမှီချလိုက်သည်။

တိတ်ဆိတ်သွားသည်မှာ ​​​ဘေစင်မှ​ရေတစက်စက်ကျ​နေသည့်အသံကို​တောင် Baekhyunကြား​နေရသလိုပင်။

"ဘာလို့ မ​ပြောခဲ့တာလဲ"

Chanyeolဆီမှ ကြားလိုက်ရ​​​သော​မေးခွန်း​ကြောင့် Baekhyunငိုချင်လာရပြန်သည်။
သူကလည်း သူပဲ။
အခုတ​လော ​ဘာမှမလုပ်ပဲနဲ့​တောင် ငိုချင်​နေတာ...
အခု Chanyeolစိတ်ဆိုး​နေတယ်လို့​တွေးမိ​တော့ ပိုလို့​တောင်ငိုချင်လာရသည်။

"ငါက မင်း စိတ်ပူမှာ စိုး..."

"အခု​​ရော!
အခုမှ သိရ​တော့​ရော စိတ်မပူလို့လား!"

လူကိုကြည့်ကာ ​​အော်လာပြန်တာ​ကြောင့် Baekhyunမျက်ရည်​တွေ​တောင်ကျ​တော့မည်။

"ငါ့ကို မ​အော်... ပါနဲ့..."

နင့်ခနဲဖြစ်လာ​သော ခံစားချက်​တွေ​ကြောင့် Chanyeolလက်​မောင်းအား လွှတ်ကာ အိမ်​ပေါ်တက်ဆီသာတက်ခဲ့လိုက်​တော့သည်။

~ I'll Be Your Man ~ Where stories live. Discover now