Tom loved Jerry 11

Start from the beginning
                                    

ဝမ်ရိပေါ် သူ့ပါးဆီက အကြားချင်ဆုံးစကားကို ကြားလိုက်ရပြီဖြစ်တဲ့အတွက် မျက်ရည်များကျလာသည် ။တစ်ချိန်တည်းမှာဘဲ သွားပြီးဖက်ထားလိုက်သည်။
Yibo  : ဒီစကားကိုကြားဖို့အတွက် ကျုပ်တစ်သက်လုံးစောင့်လာခဲ့ရတာ ၊ ကျုပ်မိုက်ပြခဲ့ရတာ ၊ခုမှဘာလို့လာပြောရတာလဲ.......
ပါး     : ပါးရဲ့သားလေးသာကြားချင်ရင် ပါးဒီစကားကို အကြိမ် တစ်ထောင် တစ်သောင်းမက ပြောနိုင်တယ်
သွေ့ပုချိ သွေ့ပုချိ သွေ့ပုချိ............................

ဝမ်ရိပေါ်  ငိုသံလေးစွက်ကာ အဆက်မပြတ်တောင်းပန်နေတဲ့ ပါးကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ကာ

Yibo  : သားအတွက် တစ်ခါတည်း တောင်းပန်ရုံနဲ့
အရာအားလုံးက ကြေအေးသွားပါပြီ.........

ဝမ်ပါပါးလည်း သူ့သားမျက်နှာပေါ်မှာ ကျနေတဲ့မျက်ရည်တွေကိုအသာသုတ်ပေးလိုက်သည် ။

ပါး  : ကဲတော်ပြီ ငိုနေတာတိတ်တော့ ပါးတို့အဲ့ကောင်လေးအတွက် အခုအစီအစဉ်ဆွဲရအောင်
Yibo : ဗျာ !!!
ဝမ်ပါးပါး ကဆက်ပြောလိုက်သည်...
" ဒီလိုလုပ် သားအတွက် ပါးကုမ္ပဏီအသစ်တစ်ခုထောင်ပေးထားမယ်၊အဲ့ကုမ္ပဏီမှာ ပါးရဲ့ အတွင်းရေးမှူးကို ခဏ runခိုင်းထားမယ်၊သားပညာတော်သင်ပြီးပြန်လာရင်အကုန်အဆင်ပြေနေစေရမယ်လို့ပါးကတိပေးတယ်။"
Yibo : ဒါဆိုဒီကုမ္ပဏီရဲ့နာမည်ကို WYX လို့နာမည်ပေးပေးပါ
ပါး    : အဲ့တာက ဘာအဓိပ္ပာယ်လည်းသား
Yibo : Wangyi Xiao !!!...............................

ရှောင်းကျန့်တစ်ယောက် အိမ်ရှေ့မှာ စာမေးပွဲဖြေပြီးကတည်းက အရိက်အယောင်တောင်ပေါ်မလာသော ဝမ်ရိပေါ်အား စောင့်နေခြင်းပင်

" သူဘာလို့ပြန်မလာတာလဲ နေ့လည်က ဟိုကောင်မလေး ငါ့ကိုရည်စားစကားလာပြောတာကို ပြန်ပြောပြမလို့ကို....စာမေပွဲပြီးပြီဆိုပြီး ဘယ်တွေလျှောက်သွားနေပါလိမ့် "
ထိုအချိန်တွင် ကလေးလေးတစ်ယောက်က စာအိတ်ကလေးကိုင်ကာ ရှောင်းကျန့်နားရောက်လာခဲ့သည်
ကလေး : ကိုကို ဒီမှာ ကိုကို့အတွက် စာ

ရှောင်းကျန့်အား စာအိတ်လေးပေးပြီးပြီးချင်း ထွက်ပြေးသွားသော ကလေးလေးအား ရှောင်းကျန့်တားချိန်မရလိုက် စာအိတ်လေးသာဖွင့်ဖတ်လိုက်သည်
" I love you and I will come back "

Tom loved Jerry (complete)Where stories live. Discover now