WTTC - 4

5.9K 650 40
                                    

နားထဲတတီတီ မြည်နေသော အသံကြောင့် ရိပေါ် ဆတ်ခနဲနိုးလာပြီး အိပ်ရာနိုးကာစ ရုတ်တရက်ဖြစ်သည့်အတွက် ဘယ်ကအသံမှန်း ချက်ချင်းမမှတ်မိ၊ ဟိုဟိုဒီဒီ လိုက်ကြည့်နေမိပြီး ထိုအသံမှာ အရေးပေါ်ဌာနက အချက်ပြသံမှန်းသိလာတော့မှ နာရီကို အသည်းအသန် ကြည့်မိတော့သည်။

"ဘုရားရေ မနက်၇နာရီ သေပါပြီ အပြောခံရတော့မယ်။ ဟေ့ကောင်တွေ ထ ထစမ်း"

အိပ်စင်ပေါ်မှ လူးလဲဆင်းကာ တဖက်မှာလဲ ကျန်သည့်ငါယောက်ကို အိပ်စင်ပေါ်မှဆွဲချမတတ် လိုက်နှိုးနေရသည်။

"ဟင် ခဏလောက် ထပ်အိပ်ပါရစေကွာ ငါ့မျက်လုံးတွေ ဖွင့်မရဘူး"

"သေတာတော်လောက်ပြီ နာရီလည်း ကြည့်ကြပါဟ။ ဟိုကောင်တွေ ထတော့လို့ ပြောနေတယ်နော် ငါရေနဲ့ ပက်နှိုးရမလား"

"ဆူညံနေတာပဲကွာ ရိပေါ်ရာ။ ဘယ်အချိန် ရှိသေးလို့လဲ"

"မနက်၇နာရီဟေ့ မနက်၇နာရီ"

"ဘာ"

မနက်၇နာရီဆိုမှ အိပ်မှုံစုံမွှားတွေရော၊ အပျင်းဆနွနေသူတွေပါမကျန် ဝုန်းကနဲ ကုန်းရုန်းထလာကြပြီး ဟိုဆွဲ ဒီဆွဲဖြင့် ကမ္ဘာပျက်သည့်နှယ်။

"ငါ့မျက်မှန်ရော ငါ့မျက်မှန်"

"မင်းအိပ်ရာဘေးရှိမှာပေါ့ ဘာလို့ သူများအိပ်စင်တွေပေါ် တက်ရှာနေတာလဲ ဝမ်လင်ရေ"

"ဒုက္ခပါပဲ ငါတို့ ဘယ်လောက်ထိ အိပ်ပျော်သွားတာလဲ"

"မနေ့က ည၇နာရီလောက်ကတည်းက ထင်တယ်"

"ဟုတ်တယ် ကောချန် ငါက တမင် အရမ်းအိပ်ပျော်သွားမှာ စိုးလို့ မီးဖွင့်ထားတာ ဘယ်သူ ပိတ်လိုက်တာလဲ"

"မသိဘူးနော် ငါမပိတ်ဘူး"
"ငါရောပဲနော်"
"မီးခလုတ်ကို ထိတောင်မထိဘူး"

မီးပိတ်သည့်သူ ဘုံရန်သူဖြစ်မယ့်အရေးမို့ အကုန်လုံး အကြောက်အကန် ငြင်းနေကြပြီး အ​ဖြေမပေါ်ခြင်းက တကယ်တမ်းမှာလဲ သူတို့ပိတ်ခဲ့ခြင်း မဟုတ်လို့ပင်ဖြစ်သည်။ အကုန်လုံး ဗရုတ်သုတ်ခနှင့် ပြင်ဆင်ပြီးသကာလ အခန်းအပြင်ထွက်ရန် တံခါးဖွင့်လိုက်သည်နှင့် ​တွေ့လိုက်ရသည့် ချစ်သော စီနီယာကြီးဧ။်မျက်နှာကြောင့် ရှေ့ဆုံးမှ ပြေးထွက်လိုက်သော ယွီပင်ဧ။်အသံက လွင့်ပျံ့လို့လာသည်။

When The Time Comes (Completed)Where stories live. Discover now