Chapter - 28

3K 340 4
                                    

Chapter 28: A Lovely Surprise

လူအများစု အတွက်တော့ ဒီ နှစ်သစ်ကူးဟာ ဘာမှ ထူးခြားမည် မဟုတ်။

နင်းဝေ့ခိုင်း က ဇနီးဖြစ်သူ နှင့်အတူ ကျူမိသားစု အိမ်တော်သို့ မိသားစု စုံညီ ညစာစားရန် ရောက်ရှိနေ၏။ ဇနီးဖြစ်သူကို ဖက်ထားကာ ပြတင်းပေါက်မှ တဆင့် မြင်နေရသည့် နှစ်သစ်ကူး မီးပန်း ဖောက်သည်ကို ငေးကြည့်နေမိရင်း ဇနီးဖြစ်သူကို နောက်ထပ် ချစ်ကတိများ ပေးနေလေသည်။

ခါတိုင်းကဲ့သို့ပင် ချန်ကျန်းကတော့ အပျော်ကျူးသူတို့ ကခုန်နေသည့် ကပွဲကြမ်းပြင်ထက်၌ စွဲမက်ဖွယ်ရာ မိန်းမလှလေးများ ဝန်းရံလျက် ရှိနေ၏။ မူးယစ်ရီဝေနေသော သူ့အနားမှာ ဝိုင်းအုံနေကြလေသည်။ ယနေ့ညအတွက် .. သူ့ကိုယ်သူ စိတ်လွတ် ကိုယ်လွတ် အချိန်ကုန်ဆုံး မိချင်ရုံမျှသာ..

ရွှယ်မင်ထောင်ကတော့ ရုံးခန်း ထဲမှာ အလုပ်လုပ်နေဆဲ။ ကုယန်ကျစ်ကတော့ တိတ်တိတ်ကလေး ပြည်ပခရီး ထွက်သွားသည်။ ကောင်းလန်ကတော့ သူ့ရဲ့ လုံခြုံရေးဌာန ရုံးခန်းထဲ တာဝန်ယူလျက် ရှိနေ၏၊ ပုံစံက နှစ်ကုန် ဘောနပ်များ ရဖို့ ကြိုးစားနေသည့်အလား..

သို့သော် လူတိုင်း၏ စိတ်ထဲမှာ တူညီစွာ တွေးနေမိသည့် တစ်ခုတည်းသော အတွေးက .. (လာမဲ့နှစ်မှာ .. ငါ .. ဖြစ်ရမယ် .. )

ဥပမာအားဖြင့်ဆိုလျှင် .. ငါ နယူးဘိုရီကို ဒီ အိတ်လောကမှာ ထိပ်ဆုံးအဖြစ် ဆက်ထိန်းထားပြီး ဖြစ်လာမဲ့ ယှဉ်ပြိုင်မှုတွေ၊ ရန်စလာတာတွေကို အကုန် ချိုးဖျက်ပစ်ရမယ်။

ငါ သူ့ကိုရော၊ သူမကိုပါ လက်စား ချေချင်တယ်၊ လက်တုံ့ပြန်ခြင်းကသာ တစ်ခုတည်းသော နည်းလမ်းပဲ။

ငါကတော့ ခြုံငုံသုံးသပ်တာတွေ၊ ဘာတွေ နားမလည်ဘူး၊ ဒါပေမဲ့ ငါ ဗိုလ်မှုးနောက်ကို လိုက်ပြီး၊ ငါ့အလုပ်ကို ကောင်းကောင်း လုပ်ရင်၊ ငွေများများရမယ်၊ ဒါဆို ငါ့မိဘတွေဆီကို ပြန်ပို့နိုင်မယ် .. ဒါပဲ ငါသိတယ်။

... အစရှိသဖြင့်..

လိုအင်ဆန္ဒဟူသည် လူတိုင်း၏ နှလုံးသားထဲမှ တွင်းနက်ကြီး တစ်ခုလိုပင်၊ သီးခြားဖြစ်တည်ပြီး၊ ရှုပ်ထွေး၏။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Där berättelser lever. Upptäck nu