ရိပေါ်နဲ့ ယွီပင်း အိမ်ပြန်ရောက်တော့ အိမ်က တိတ် ဆိတ်နေတယ်။ ရိပေါ် အခနိးထဲ သူမျော်လင့်နေတဲ့သူ ရဇိမလား ဝေ့ကြည့် လိုက်ပေမယ့် အရိပ်အယောင်တောင်မတွေ့။
'အိပ်ပုတ် ကျန့်ကျန့်
ခုထိ မနိုးသေးဘူးထင်တယ်။
ဟိုကောင် ကျန်းချနိးလဲ
ငါတို့ ကို ခေါ်တုန်းက ခေါ်ပီး
ပြန်တော့ဘယ်ကမ္ဘာရောက်သွားလဲမသိ။
အိပ်ပုတ် လေး နိုးရင် စားရအောင်
တခုခု လုပ်ပေးထားဦးမှ'
မီးဖိုချောင်ထဲ ဝင်တော့ စားပွဲပေါ်မှာ ကင်မရာလေးနဲ့ ကိတ်မုန့်လေး တလုံး။ စာရွက်လေး ရော
' ဟင် ဟုတ်သားပဲ
ဒီနေ့ ငါ့မွေးနေ့ပဲ
ကျန့်ကျန့် လုပ်ပေးထားတာလားမသိ'
မျော်လင့်ချက်တွေနဲ့ အနား သွားကြည့် တော့ ချောကလက်ကိတ်လေး အခြမ်းလေး တခြမ်းတော့ရှိမနေ
ကိတ် မုန့်ပေါ်မှာ
" happy birthday ချစ်ခဲ့ရသူ" တဲ့
ဖတ်ကြည့်ရတာ တမျိုးကြီး ရိပေါ် ရင်ထဲတောင် အောင့်သွားသလို ခံစားလိုက်ရတယ်
သေချာပီ ကျန့်ကျန့် သူ့အတွက် ကိတ်ဖုတ်ပေးထားတာ
သူ ချက်ချင်းပဲ ကျန့်ကျန့် အခန်းဆီ ပြေးပီး သွားရှာတော့ ကျန့်ကျန့်ရှိမနေ သူရဲ့ ကုတင်ကလဲ ရှင်းလင်းနေသည်။
သူ စိတ်တွေ လေးလာပီး ကျန့်ကျနိ့ ဗီရို ကို ဖွင့်ကြည့်တော့ ပုံးလေး တပုံးကလွဲ ပစ္စည်းတွေ တခုမှ ရှိမနေ။ သူ တုန်လှုပ်သွားပီ အလန့်တကြား အော်လိုက်တယ်။
"ယွီပင်း
ယွီပင်း"
ဧည့်ခန်းထဲက ယွီပင်း ရိပေါ် အထိတ်တလန့် အော်သံ ကြောင့် အထဲပြေးဝင် လာတော့ တုန်လှုပ်နေဟန် ပေါ်တဲ့ ရိပေါ်ရယ်
" ဘာဖြစ်တာလဲ ရိပေါ်"
"ကျန့်ကျန့် ကျန့်ကျန့်
သူ.. သူ မရှိတော့ ဘူး"
"အပြင် သွားလို့နေမှာပေါ့ကွ
သေမလို အော်နေရလား"
"မ.. မဟုတ်ဘူး
သူ့ပစ္စည်းတွေ လဲ မရှိတော့ဘူး
ပီး.. ပီးတော့ မီးဖိုချောင် ထဲမှာ
သူ ငါ့အတွက် ဖုတ်ပေးထားတဲ့
ကိတ်မုန့်မှာ ရေးထားတာက
တမျိုးကြီးကွ"
"ဘာ
စိတိအေးအေးထား
လာ ငါတို့ မီးဖိုချောင်ထဲ သွားရအောင်
သူဘာမှ မပြောဘဲတော့
ထွက်မသွားလောက်ပါဘူး"
ВЫ ЧИТАЕТЕ
Фанфикшнxiao zhan- ငါနာကျင်နေရင်တောင် မင်းပျော်ရင် ငါကျေနပ်တယ်.. yibo- ငါ ရွေးချယ်မှု မှားသွားတယ် ဆို သိ လိုက်တဲ့အချိန်ငါ နောက်ကျသွားပီ ကွာ သာသာ ဖတ်ဖူးတဲ့ fanficလေးကို အခြေခံပီး yizhan ပုံစံ ကို မတူ အောင်တမျိုးလေးရေးထားတာပါ 😍 xiao zhan- ငါနာကျင်နေရင်တောင်...