Part 9
3.1K 220 12
ကျန့်ကျန့် ကို အရေးပေါ် ယာဉ်နဲ့ ဆေးရုံခေါ်သွားပီး
" လူနာ သွေးထွက်လွန်နေတယ်...... အရေးပေါ်ခန်းကို အမြန်......"
ကျန်းချန်းတယောက် အရေးပေါ်ခန်းအပြင်မှာ ငိုင်တိုင်တိုင် နဲ့ ထိုင်ကျန်ရစ်နေရင်း ယွီပင်းကို ဖုန်းခေါ်ဖို့ သတိရလိုက်တယ်။
ခဏကြာတော့ ယွီပင်းကောလဲ ခဏကြာတော့ အပြေးအလွှားရောက်လာပီး
" ကျန်းချန်း"
" ကျန်ကျန့်လေ သွေး.. သွေးတွေ အများကြီး ထွက်... " ငို နေ ရင်း
" ကျန်းချန်း စိတ်အေးအေးထားပီး ပြော"
ကျန်းချန်းလဲ ဖြစ်ကြောင်းကုန်ဆင်ပြောပြလိုက်သည်။
နာရီလောက်ကြာတော့ အရေးပေါ်ခန်းမှ ဆရာဝန် ထွက်လာတော့
" ဆရာ ရှောင်ကျန့်အခြေအနေ?"
" လူနာက ခေါင်းကို ထိသွားတာပါ လက် လဲ ကျိုးသွားတယ် ။
သွေးထွက်လွန်ခဲ့ပေမယ့် အခုတော့ မစိုးရိမ်ရတော့ပါဘူး
ခဏနေ လူနာနဲ့တွေ့လို့ရပါပီ"
ဆေးရုံမှာ ကျန်းချန်းနဲ့ ယွီပင်း ကုတင်ပေါ်မှာ ဆေးပိုက်တွေနဲ့ လှဲနေသော ကျန့်ကျန့်လေးကို ကြည့်ပီး မျက်ရည်ကျနေသည်။
"ယွီပင်း မင်းအိမ်ပြန်ပီး အနားယူလိုက်"
" ရတယ် ငါ ကျန့်ကျန့်သတိရတဲ့ထိ စောင့်မယ်"
"မဟုတ်ဘူး ငါတို့၂ယောက်အားနည်နေလို့မရဘူး
ခုချိန်မှာ ကျန့်ကျန့် က ငါတို့ ကို လိုအပ်တယ်
ပီတော့ အိမ်ကနေ ကျန့်ကျန့် အတွက် လိုအပ်တာလေးတွေ ယူရဦးမယ်လေ"
"အေး အာ့ဆိုပြန်ပီ
တခုခုဆို ဖုန်းဆက်ဦး
မင်းလဲ အိပ်ဦး"
ရိပေါ်ကတော့ တိုက်ခန်းမှာ ကျန့်ကျန်ပြန်အလာကို စောင့်နေခဲ့တယ် ။စောင့်သာစောင့်သာပါ ကျန့်ကျန့်ကို သူ ရင်မဆိုင်ရဲ။ သို့သော် သူကျန့်ကျန့်ကို လွမ်းသည် ။ ကျန့်ကျန့်ရဲ့ ပြေးထွက်သွားတဲ့ အချိန်က မျက်ရည်တွေနဲ့ မျက်နှာလေးကိုသာ သူမြင်ယောင်နေမိသည်။
ယွီ ပေါ် အိမ်ရောက်တော့ ဆိုဖာပေါ် အိပ်နေသော ရိပေါ် ကိုတွေ့သော်လည်း နှိုးပီးမပြောခဲ့။ ကျန့်ကျန့်အခုလို ဖြစ် ရတာ ရိပေါ် ပယောဂ မကင်းလေ မဟုတ်လား။ သူရိပေါ်ကို စိတ်ပျက်နေသေးသည်။