အပိုင်း ၃၀ ပထမဆုံးအနမ်းကို ​လေလံတင်​ခြင်း....... နှင့်​ အစစ်​အမှန်​ အနမ်း

Start from the beginning
                                    

"ငါ အရမ်း ​ရေငတ်​တယ်​.... ငါ milk tea သွားဝယ်​လိုက်​ဦးမယ်​. မင်း ဘာမှာဦးမလဲ?"

ကျန်းလင်​ရိ ကင်​မရာတစ်​လုံးနဲ့ အလုပ်​ရှုပ်​​နေရာက​ ပြန်​​ပြောတယ်

"မင်း မှာတာနဲ့ အတူတူ တစ်​ခွက်​"

ဝမ်​ကွမ်းနင်​ နှစ်​​ယောက်​စလုံးအတွက်​ milk tea ၀ယ်​ပြီး ပြန်​လာချိန်​အထိ ကျန်းလင်​ရိ အဲ့​နေရာမှာ အဲ့ပုံစံအတိုင်း ရပ်​​နေတုန်းပဲ. သူဟာ တစ်​ခုခုကိုကြည့်​ကာ မိန်း​မော​နေတယ်

ဝမ်​ကွမ်းနင်​ဟာ ကျန်းလင်​ရိ ကြည့်​​နေတဲ့ဘက်​ကို လိုက်​ပြီးကြည့်​လိုက်​တယ်​. အဲ့မှာ လက်​ထပ်​ပြီးခါစ သတို့သားနဲ့ သတို့သမီးတို့ မင်္ဂလာ​ဆောင်​ဓာတ်​ပုံရို​​က်​​နေကြတာ သူ​တွေ့လိုက်​တယ်

အုတ်​ခဲ​ နီ​ဆွေး​ဆွေး​လေး​တွေနဲ့ ဖြူ​ဖွေး​နေတဲ့ နံရံ​... ပြတင်း​ပေါက်​​ဘောင်​က​နေ အပြင်​ကို တွဲကျပြီး​ပေါက်​​နေတဲ့ အစိမ်း​ရောင်​ နွယ်​ပင်​​လေး​တွေ...နံရံရဲ့ ပတ်ပတ်လည်မှာ ​​​လူတစ်​​ယောက်​ ​ခြေသလုံးနား​လောက်​ရှိတဲ့ သစ်​သားခြံစည်းရိုးေ​လး ကာရံထားတယ်​. လန်းဆန်းစွာ ဖူးပွင့်​​နေတဲ့ ပန်း​လေး​တွေဟာ ခြံစည်းရိုး​နောက်ကွယ်​က​နေ အပြင်​ကို တစ်​၀က်​​လောက်​ မြင်​​နေရတယ်​. သတို့သမီးဟာ အဖြူ​ရောင်​ ၀တ်​စုံကို ၀တ်​ဆင်ကာ ပန်း​တွေရဲ့ အလယ်​မှာ ရပ်​​နေတယ်​. သတို့သားက သူမကို ​နောက်​က​နေ ဖက်​ထားတယ်​. ​ပျော်​ရွှင်​ကြည်​နူးရိပ်ေ​တွဟာ သူတို့နှစ်​ဦးရဲ့ မျက်​နှာမှာ ပဲ့တင်​ထပ်​​နေတယ်

ဒါ တကယ့်​ကို စိတ်​ကို ကိုင်​လှုပ်ေ​စနိုင်​တဲ့ မြင်​ကွင်းပဲ

" မင်း သူတို့ကို အားကျ​နေတာလား?"

ဝမ်​ကွမ်းနင်​က သူ့ milk tea ကို​သောက်​​ရင်း ကျန်းလင်​ရိကို ဘာမှမဖြစ်​တဲ့ ပုံနဲ့​မေးလိုက်​တယ်

"ဒါ​ပေါ့ ငါအားကျတယ်​!"

ကျန်းလင်​ရိဟာ သတို့သမီးကို စိတ်​၀င်​တစားနဲ့ ကြည့်​​နေတယ်​.

"ရှိုရှို, မင်းသာ အဲ့ဒီဝတ်​စုံ ၀တ်​လိုက်​ရင်​ ​အရမ်းလှမှာ ​သေချာတယ်​!"

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now