ငိုခဲ့တာပေါ့ ။ ဘာလို့ငိုမိမှန်းနားမလည်နိုင်ပဲ ငိုကြွေးနေခဲ့တာ ။ သူပြန်လာမှာပါလို့ တွေးထားပေမဲ့လဲ ဘာကိုဝမ်းနည်းမှန်းမသိ ဝမ်းနည်းနေမိတာ။
"အော် အေးပါကွာ မင်းမလာတော့ဘူးထင်လို့ ပြိုင်ပွဲဝင်မဲ့ကောင်တွေကို ငါဝင်လေ့ကျင့်ပေးနေတာ.."
"အဟမ်း..."
ရီပေါ် လည်ချောင်းဝမှာတင် တစ်ဆို့နေတဲ့ဝမ်းနည်းမှုတွေ လွင့်ပြယ်ဖို့ရာ ချောင်းဟန့်လိုက်မိတယ်။သူပြန်လာမှာပါ ကျနော် ဝမ်းနည်းမနေသင့်ဘူး။
"ကျေးဇူးပါ ငါ့ကိုကူညီပေးလို့..."
တုန်ယင်လုနီးပါးအသံတွေကို လက်သီးခပ်တင်းတင်းဆုပ်၍ ထိန်းချုပ်ထားရင်း ရင်ထဲကမပါတဲ့ ခံစားချက်မဲ့အပြုံးတပွင့်ကို ဖန်တီးလိုက်တယ်။ကျနော့်စိတ်ထဲမှာလေးလံနေတယ် ခင်များရာ။
"ရပါတယ်ကွာ...ပြောစရာလူတွေမှမဟုတ်တာ..."
လုယွင်က ရီပေါ့်ပခုံးကိုတချက်ပုတ်လိုက်ရင်း ပြုံးပြသွားတယ်။
ရီပေါ်လဲ ပြိုင်ပွဲဝင်မဲ့သူတွေအနားသွားကာ လိုအပ်တာတွေပြောပြပေးဖို့ပြင်ဆင်လိုက်တော့သည်။
ပြိုင်ပွဲအတွက်လေ့ကျင့်ပေးဖို့ အာရုံစိုက်လိုက်ရင်တော့ ကျနော့်ရင်ထဲကစိုးရိမ်မှုတွေလျော့ကျသွားမယ်ထင်တာပဲ။
.....
"ရီပေါ်နားဦးလေ..... မင်းကြည့်ရတာ ပိုးဟပ်ဖြူ လေးကျနေတာပဲ ဖြူ စုတ်စုတ်နဲ့အားမရှိသလိုပဲ ရော့ ရေလာသောက်..."
ရီပေါ်လုယွင်ပြောတဲ့အသံကြားမှ အတင်းစုစည်းထားတဲ့စိတ်အာရုံတို့မှရုန်းထွက်လာခဲ့သည်။ကျနော် ကျောင်းအားကစားပြိုင်ပွဲအတွက် အာရုံစိုက်ထားတာတောင် ခင်များအကြောင်းတွေးမိနေတုန်းပဲ။
လုယွင်ပေးတဲ့ရေဘူးကိုမော့သောက်ကာ ခုံတန်းလျားပေါ်ထိုင်ချရင်း မျက်ဝန်းတို့မှိတ်ထားလိုက်မိသည်။ ကျနော့်ရင်ထဲကအပူတွေ ရေသောက်ရုံနဲ့ပျောက်သွားရင်ကောင်းမယ်။
"ငါပြန်တော့မယ် လုယွင် ငါဗိုက်ဆာနေလို့..."
အင်္ကျီအပွကြီးကြောင့်မသိသာသော ဗိုက်လေးအပေါ် လက်တင်ကာပြောလိုက်မိတော့ ခပ်ပူပူလေးဖြစ်နေသော ဗိုက်ကလေးကအင်္ကျီသားနဲ့ကပ်သွားပြီး ရုပ်လုံးပြလာ၏။
YOU ARE READING
love create u and me
Fanfictionအမုန်းတွေရဲ့အဆုံးသတ်မှာ လှပတဲ့ ချစ်ခြင်းတရားကိုတွေ့ရှိနိုင်တယ်
Love create u and me (19)
Start from the beginning