အေးတိအေးစက်နှင့်ရက်စက်သည့်မျက်နှာထားဖြစ်နေသောဂျီဝမ်သည် ချက်ချင်းကို သူ့မျက်နှာထားက နူးနူးညံ့ညံ့တန်းပီးဖြစ်သွားသည်။ သူသည်မတ်တပ်ရပ်လိုက်၍ သူ့ချစ်သူလေးရှိရာဆီသို့ အရမ်းကိုကျေနပ်နေသည့်အပြုံးဖြင့် ခြေလှမ်းကျယ်ကြီးများလှမ်းပြီး သွားလိုက်လေသည်။
သူသည်ဟေးရှီ၏ခါးလေးကိုဖက်လိုက်ပြီး ပိုနီးကပ်သွားအောင် ဆွဲယူလိုက်သည်။ သူသည်ခေါင်းကိုငုံ့၍ ထိုဖူးယောင်နေသေးသည့်နှုတ်ခမ်းနီရဲရဲလေးကိုနမ်းလိုက်ပီး မနေ့ညက ဇာတ်လမ်းကိုပြန်ကာအကောင်အထည်ဖော်ဖို့လုပ်နေလေသည်။
လီဖန်အသက်ရှုရတော်တော်လေးခက်ခဲလာသည့်အချိန်မှသာ ဂျီဝမ်သည်သူ့နှုတ်ခမ်းလေးကိုအလွတ်ပေးလာသည်။ ဂျီဝမ်မျက်နှာသည် ပါးစပ်နားရွက်တက်ချိတ်မတပ်ကိုပြုံးနေသည့်အပြုံးကိုဆင်မြန်းထားပီး ချိုသာစွာပြောလိုက်သည်။ "ဘေဘီ အခုမှအစောကြီးရှိသေးတာကို ဘာလို့ထပ်မအိပ်တာလဲ ဒါမှမဟုတ် ဗိုက်ဆာနေပီဆိုရင် ကိုယ်မနက်စာပြင်ပေးမယ်လေ ကိုယ်စက်ရုံကိုဖုန်းဆက်ထားလိုက်ပီးပီ မင်းဒီနေ့တစ်ရက်အနားယူမယ်လို့ ဟင်?"
အခုထိအသက်ရှုဝအောင်ကြိုးစားနေဆဲဖြစ်သည့်လီဖန်သည် 'ဘေဘီ'ဆိုသည့် စကားကိုကြားလိုက်ရသည့်အခိုက်အတန့်တွင်တော့ သူ့မျက်လုံးများသည် မှေးကျဉ်းသွားပီး ရေခဲရိုက်ထားသည့်အသံနှင့်မေးလိုက်သည်။ "ဘေဘီ ဟုတ်လား? မိန်းမဘယ်နှစ်ယောက်လောက်ကို အဲ့လိုမျိုးခေါ်ပီးပီလဲ?"
သူ့ဘေဘီလေးသည် သဝန်တိုနေသည်ကိုသိလိုက်ရချိန်မှာတော့ ဂျီဝမ်သည်အနည်းငယ်တုန်သွားရသည်။ သူသည်ချက်ချင်းပဲ အရူးလိုမျိုးပြုံးလိုက်ပီးနောက် အကျယ်ကြီးအော်ရယ်လိုက်ကာ "လုံးဝပဲ ကိုယ်တကယ်ကျိန်ပြောရဲတယ် ကိုယ်သူတို့တွေနဲ့ ပတ်သတ်ခဲ့ဖူးပေမယ့် သူ့တို့အပေါ်ကိုလုံးဝခံစားချက်မရှိဘူးဆိုတာကို ကိုယ်ကျိန်ရဲတယ် ကိုယ်သာမင်းကိုဒီထက်စောပီးတွေ့ခဲ့မယ်ဆိုရင် သူ့တို့တွေကို ကိုယ်ကြည့်တောင်မကြည့်ပဲနဲ့ ကိုယ့်လူပျိုဘဝလေးကို မင်းတစ်ယောက်ထဲအတွက် ထိန်းသိမ်းထားမိမှာ အမှန်အတိုင်းပြောရရင် ကိုယ်မင်းကိုစတွေတဲ့အချိန်ကစပီး ကိုယ့်မျက်လုံးထဲဘယ်သူမှရှိခဲ့တာမဟုတ်ဘူး"