"ဟုတ်လို့လား"
"ဟုတ်ပါတယ်ဆို ကျန်းချန်ရယ်။ ငါက သူများ စားသောက်ချိန်ထိ နှောင့်ယှက်ပါ့မလား"
"ဘာလို့မစားကြတာတဲ့လဲ"
"မင်းလိုပဲ ငါသူတို့ကို မေးဖူးတယ် ၀မ်ချောင်။ ဘာဖြေလဲသိလား နေ့စဉ်နီးပါး သွေးသံရဲရဲတွေ၊ အကွဲအပြဲတွေ၊ ကျိုးကြေနေတာတွေပဲ မြင်နေရတော့ ဟင်းတွေ အဆီတွေကို မြင်တာနဲ့ အန်ချင်လာလို့ပါတဲ့။ အဲ့ဒါကြောင့် ငါလဲမပြောတော့တာ။ သူတို့ပင်ပန်းတာ ငါသိပါတယ်။ ခြေက်ယောက်ပဲရှိတဲ့ အဖွဲ့လဲဖြစ်ပြန် တယောက်က သွေးကြောက်လို့ တခုခုဆို အနားမကပ်ဘူး။ ကြိုးစားပြီးတော့ ကြောက်စိတ်ဖျောက်နိုင်အောင် လုပ်ပေမယ့် အရမ်းတော့လဲ မလုပ်ရဲဘူး ရှော့ခ်ဖြစ်မှာစိုးလို့။ အဲ့ဒီတော့ သူ့အစားပါ အခြားလူတွေက လိုက်လုပ်နေရတော့ ပင်ပန်းတာပေါ့"
"ကလေးတွေကို ကြိုဆိုပွဲလေး မလုပ်ပေးတော့ဘူးလား"
"စလာပြီ စလာပြီ ကလေးတွေ ကြိုဆိုပွဲထက် မင်း သောက်ချင်နေတာမဟုတ်လား ၀မ်ချောင် အရက်သမား"
"အဲ့ဒီလိုပြောတယ်ဆိုတော့ မင်းတို့က မသောက်ဘူးပေါ့"
"သြော် မသောက်လို့တော့ ဘယ်ကောင်းပါ့မလဲ"
"လူအကုန်သွားလို့ဖြစ်ပါ့မလား ရှောင်းကျန့်"
"အဲ့ဒါ ငါစီစဉ်ပါ့မယ် မင်းနဲ့ ကျန်းချန်က ဟိုဘက်အဖွဲ့ အားမယ့်ရက်ကို မေးပေး"
"မေးပြီးပြီ မနက်ဖြန်ရတယ်"
"ဒါမျိုးကျ မြန်လိုက်တာကွာ။ ဒါဆို ကိုယ့်အဖွဲ့က လူ ကိုယ်ပြောပြီး မနက်ဖြန် ညနေပိုင်း ၇ နာရီဆုံကြမယ်။ဘဆိုင်ကရော"
"ငါနဲ့သိတဲ့ ဆိုင်ရှိတယ်"
"ကျယ်လို့လား ကျန်းချန်"
"အကျယ်ကြီးပဲ မပူနဲ့"
"ကဲ သွားကြရအောင် ပစ်ထားလို့မရဘူး သူတို့ကို သွားကြည့်ရဦးမယ်"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ထမင်းစားချိန် ခဏနားမည်မှ မကြံရသေးချိန်မှာပင် ရုတ်တရက်ထွက်ပေါ်လာသည့် အရေးပေါ်ဌာနမှ အကြောင်းကြားသံနောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ထပြေးကြရပြန်သည်။
YOU ARE READING
When The Time Comes (Completed)
FanfictionFic Name - When the times comes Type - Fanfiction Cover by Pann Eain Fanfiction အမျိုးအစားဖြစ်ပါတယ်။ BL မဟုတ်ပါ Bromance ဖြစ်ပြီး ဆရာဝန်နဲ့အလုပ်သင်ပုံစံလေးပါရှင်။ အသတ်အဖြတ် Scene တွေပါတဲ့အတွက် နှလုံးမကောင်းသူများ၊ သွေးလန့်တတ်သူများ ဖတ်ရှုရန်မသင့်ပ...
WTTC - 3
Start from the beginning