ဒေါက်တာ  : ကဲလာ စမ်းသပ်ရအောင်

ဝမ်ရိပေါ် ရှောင့်ကျန့်လက်ကို မဖြူတ် ရှောင့်ကျန့်သည်လည်း ရှက်ရှက်နှင့်သာပြုံးပြနေရသည်...

ဒေါက်တာ : အော် မင်းတို့အတွဲက သိပ်ချစ်ကြတာဘဲ ဆေးခန်းထဲတောင် လက်မဖြုတ်ကြဘူးနော်
ဒါပေါ့ ဒါပေါ့ ငါကြားဖူးပါတယ် မင်းတို့လိုအတွဲတွေ
က တကယ်တော့ သာမန်အတွဲတွေထက် ပိုချစ်ကြတယ်တဲ့ 
XZ   : အာ... ဒေါက်တာမှားနေပြီ ကျွန်တော်တို့က အတွဲမဟုတ်ဘူးဗျ သူက ဆေးထိုးရမှာကြောက်တတ်လို့ပါ  မြန်မြန်လေး ကြည့်ပေးပါ မဟုတ်ရင် ကျွန်တော့်လက်ကျိုးတော့မယ်
ဒေါက်တာ : အာ သွေ့ပုချိ သွေ့ပုချိ ဆရာကအတွဲတွေမှတ်သွားလို့
Yibo   : ဆရာ စကားမများဘဲ မြန်မြန်ကြည့်ပေးတော့
ဒေါက်တာ : အိုခေ

ဆရာဝန် ဟိုစမ်းဒီစမ်းနဲ့ စမ်းသပ်ပြီးသောအခါ
ဒေါက်တာ   : အဖျားနည်းနည်းတော့ရှိတယ် မြန်မြန်သက်သာသွားအောင် ဆေးထိုးမလား
Yibo    : မထိုးဘူးဆရာ ဆေးဘဲပေးလိုက်ပါ
XZ       : ဆေးထိုးပေးလိုက်ပါဆရာ သူစာမေးပွဲ
                     နီးနေပြီမို့
Yibo    : တော်စမ်း ရှောင်းကျန့်  ငါဆေးမထိုးဘူး
XZ       : အိမ်သာဆေးမလား ဆေးထိုးမလား
Yibo     : လခွမ်း မင်းငါ့ကို ဒါနဲ့ဘဲခြိမ်းခြောက်နေတယ်နော်
XZ        : ဆရာထိုးပေးလိုက်ပါ
Yibo     : အားးးး!!!!!

# HAN 7


TOM Loved JERRY( မတည့်အတူနေ )
Part 6
ZAWGYI
ရှောင်းကျန့် အိမ်ထဲဝင်တော့ ရိပေါ်တစ်ယောက် မလှုပ်မယှက်ဖြစ်နေတဲ့ပုံကိုတွေ့ကာ
XZ  : ဝမ်ရိပေါ်  !!!!
ရှောင်းကျန့်ဆက်တိုက် နာမည်ခေါ်ပြီး မလှုပ်မယှက်ဖြစ်နေတဲ့သူနား ပြေးသွားသည်
ဝမ်ရိပေါ်!  ဝမ်ရိပေါ် ! ဝမ်ရိပေါ် !
ထိုအချိန်တွင်  အိပ်နေတဲ့တစ်​ယောက်ကတော့ နိုးလာကာ
Yibo  : ဘာလဲကွာ ငါခေါင်းကိုက်လို့ အေးဆေးနေပါရစေ ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ

XZ    : မင်းအိမ်က လော့မှမချထားတာ ငါဝင်လို့ရတယ်လေ
ဝမ်ရိပေါ်  ညကအကြောင်းပြန်စဉ်းစားပြီး
Yibo  : အော် ငါလော့ချဖို့မေ့သွားတာဘဲ
XZ     : ဝမ်ရိပေါ် မင်းမသေသေးဘူးတော်ပါသေးတယ် ငါက မင်းမလှုပ်မယှက်အိပ်နေတော့ သေပြီမှတ်နေတာ
Yibo : ဖီ မိန်းမတောင်မယူရသေးတာ သေစရာလား

Tom loved Jerry (complete)Место, где живут истории. Откройте их для себя