"ကိုယ်ကတော့ ဖွင့်တယ်....ညီမကျတော့ မပြောဘူး..."

"အကို မှ မမေးတာ..."

"ကိုယ် မေးတာ တကယ် ဖြေမှာလား..."

"ဟုတ်..."

"မင်း ကိုယ့်ကို စိတ်၀င်စားနေတာလား..."

"............"

သီရိ စာရိုက်ဖို့ လက်ရွယ်ထားရင်းကနေ ပါးစပ်ကို လက်ဝါးနဲ့အုပ်လိုက်မိသည်.။

ဒုက္ခပါပဲ...။

အဲလို တိုက်ရိုက်ကြီး မေးစရာလား အစ်ကိုရယ်..။

စိတ်ညစ်လိုက်တာ..။

"ဆောရီး ကိုယ်က ပွင့်လင်းတာ ကြိုက်လို့ပါ...."

"ဟုတ်..."

"ကိုယ့်ကို စိတ်မ၀င်စားနဲ့.."

"............."

"ကိုယ့်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ သူ ရှိတယ်..."

"............."

"သူ့ကိုပဲ တစ်နေ့ လက်ထပ်မှာပါ.....ညီမ အချိန်တွေကို ဖြုန်းမိမှာ စိုးလို့ပါ....ကိုယ် မင်းကို ခင်ပါတယ်...."

"............."

"ညီမလေး တစ်ယောက်လိုပါပဲ...."

သီရိ နှုတ်ခမ်းတွေ တုန်ယင်ပြီး မျက်ရည်တွေ ပါးပေါ် သက်ဆင်းလာတော့ လက်နဲ့ တားဆီး သုတ်ပစ်လိုက်ရသည်..။

ညီမလေး တစ်ယောက်လိုပဲတဲ့လား..။

လက်ထပ်မဲ့ သူ ရှိနေတာလား..။

လက်ထပ်ရသေးတာ မှ မဟုတ်တာ အစ်ကိုရယ်..။

အဲဒီ့ မိန်းမ ကိုကော အစ်ကို က ချစ်လို့လား..။

သူဌေး တွေရဲ့ ဦးနှောက်နဲ့ တွက်ချက်တက်တဲ့ နှလုံးသားမျိုး အစ်ကိုမှာလည်း ရှိနေတာလား..။

ညီမကို နည်းနည်းလေးတောင် စိတ်မ၀င်စားတာလား..။

"ကိုယ် မျှော်လင့်ချက် ပေးမိလား..."

"............."

ဟင့်အင်း...မျှော်လင့်ချက်မပေးမိပါဘူး..။

သီရိကသာ အရူးတစ်ယောက်လို စိတ်ကူးယဉ် မျှော်လင့်နေမိတာပါ..။

"အကို နေမကောင်းဘူးမလား..နားတော့လေ..."

"စိတ်ဆိုးသွားတာလား..."

Love CatcherWhere stories live. Discover now