အပိုင်း၁၄

Začať od začiatku
                                    



မင်းကြီးနဲ့မိဖုရားကို ယွဲ့မင်က အရိုအသေပေးပါတယ်

မိဖုရားကတော့ပြုံးလျက်ခေါင်းငြိမ့်ပြသော်လည်း မင်းကြီးကတော့ လုံး၀ပင်အရေးမစိုက်သည့်ဟန်

ကျင့်ရှန့်လေးကတော့ ယွဲ့မင်နောက်က ပါလာတဲ့
နှင်းလိုဖြူဖွေးတဲ့အသားရေပေါ်မာ
အနက်‌ရောင် ၀တ်ရုံရှည်ကြီးကို ၀တ်ဆင်လျက်
ဝံ့ကြွားစွာရပ်နေသော သူချစ်ခင်ရတဲ့ သူ့ge ge
ရှောင်ဟုန်ဆီမှ ၀မ်းနည်းကြည့်လေးဖြင့် အကြည့်ကမခွာနိုင်။။။

စားပွဲသောက်ပွဲနဲ့ ကပွဲတွေကို အရေးမစိုက်နိုင်သောသူတွေကတော့ မင်းကြီးဆုအိုင် ဟွားပေါင်နဲ့
ရှောင်ဟုန် သူတို့သုံးဦးသာ သူတို့ရဲ့အကြည့်တွေက ယွဲ့မင်ဘေးတွင် မိန့်မိန့်ကြီးထိုင်လျက် သေရည်ငဲ့ပေးနေသော ‌အနက်ရောင်၀တ်နှင်းလူသားလေး ရှောင်ဟုန်ဆီမှာသာ ။

ဘာတွေဖြစ်ပျက်ခဲ့မှန်းမသိသော သူတို့သုံးဦးကတော့ ရှောင်ဟုန်ကို နာကြည်းစွာကြည့်လျက်
ဝူရှဲ့ကို တမ်းတလွမ်းဆွတ်နေကြရသည်လေ။

မိုးလင်းပေါက်ကခုန်နေကြတဲ့ က‌ချေသည်တွေ မောမမောတော့မသိ သူတို့သုံးဦးကတော့
ရင်မောနေကြရသည်။

နေရောင်ခြည်နွေးနွေးက မျက်နှာပေါ်ကျရောက်
လာတော့ မျက်လုံးအစုံဖွင့်မိသည်။

အားးး စူးလိုက်တာ

အိုးး သခင်လေးနိုးပြီလား ဖြေးဖြေးထ ကျွန်တော်ထူပေးမယ် ဟုတ်ပြီ မျက်လုံးလေးကို ဖြေးဖြေးချင်းစီဖွင့်မယ်နော်

ထိုအသံကြားရာအတိုင်း ဖြေးညင်းစွာဖွင့်မိသည်
‌ဝိုးသဝါးမြင်ကွင်းလေးကနေ တဖြည်းဖြည်း ကြည်လင်ပြတ်သားလာခဲ့သည်

ခဗျားက ဘယ်သူလဲ

အိုးးကျွန်တော်က သမားတော်ပါ ခဗျားကို တောင်အောက်မာ ဒဏ်ရာတွေနဲ့တွေ့ခဲ့လို့ ခေါ်လာတာ ခဗျား တော်တော်ကံကောင်းတယ်
ခဗျား နံရိုးသုံးချောင်းလောက်ပဲ ကျိုးနေခဲ့တာ

ဟင် သုံးချောင်းတောင်

အင်း ပြီးတော့ ခဗျား အဆိပ်မိထားတဲ့အပြင် နှလုံးကိုလဲဓားထိုးခံရသေးတယ် ခဗျားကို တော်တော်မုန်းတယ်ထင်တယ် ကြည့်ရတာ

ကမ္ဘာ ခြားလည်းချစ်နေမယ်Where stories live. Discover now