သူမအကြည့်တွေကိုလျစ်လျူရှုပီး လီဖန်သည်မျက်ခုံးကိုပင့်လိုက်ပီး ဘာမှမဖြစ်သလိုလေသံဖြင့်မေးလိုက်သည်။ "ခင်ဗျား ကျွန်တော့်ကိုပြောစရာရှိလို့လား?"
လုကျီရှီသည်သူမမျက်လုံးတွင်ထင်ဟက်နေသည့်ရွံ့ရှာစက်ဆုပ်သည့်အကြည့်များကိုဖုံးကွယ်မနေပဲ အလွန်အမင်းစက်ဆုပ်နေသည့်လေသံဖြင့် "ရှိတယ် ရှင်နဲ့မိနစ်အနည်းငယ်လောက် စကားပြောလို့ရမလား?"
လီဖန်သည် ပြုံးလိုက်ပီးနောက် သူ့နောက်လိုက်ခဲ့ရန် အမူအရာဖြင့်ပြောလိုက်လေသည်။
သိပ်မကြာခင်မှာတော့ သူတို့သည် ဧည့်ခန်းဖြစ်ပုံရသည့် အခန်းကျယ်ကြီးတစ်ခုသို့ရောက်သွားသည်။ နံရံတွေသည် မှန်များဖြင့်လုပ်ထားသောကြောင့် တစ်ခန်းလုံးသည်လင်းထိန်နေပီး လန်းဆန်းစေသည့်ခံစားချက်ကိုဖြစ်စေကာ တစ်မြို့လုံး၏ရင်သက်ရှုမောသည့်မြင်ကွင်းကိုလည်း ကြည့်နိုင်သည်လေ။ အခန်းသည် အညိုရင့်နှင့် အနက်ရောင်ပရိဘောဂများဖြင့်အလှဆင်ထားပီး သက်တောင့်သက်သာရှိသလို အထက်တန်းကျသည့်အမြင်ကိုဖြစ်စေသည်။ အခန်း၏မြင်ကွင်းသည် အနောက်တိုင်းရှိ မှူးမတ်တွေတစ်ဦးဦး၏အိမ်တွင်တွေ့ရတတ်သည့် ရှေးဟောင်းပန်းချီကားတစ်ချပ်လိုပင်။
သို့ပေမယ့် သူတို့နှစ်ယောက်လုံးသည် ထိုအလှတရားကို အသိအမှတ်ပြုဖို့လုပ်မနေကြပဲ တစ်ယောက်ကိုတစ်ယောက်သာကြည့်ရပ်ကြည့်နေကြသည်။
လုကျီရှီသည် ဦးစွာပင်တိတ်ဆိတ်နေမှုကို ဖြိုခွဲလိုက်သည်။ "ဂျီဝမ်နဲ့ ဒီလိုမျိုးအဆင့်ရောက်အောင် ရှင်ဘာနည်းတွေသုံးလိုက်မှန်း ကျွန်မမသိပေမယ့် ရှင်သိသင့်တာက သူကရှင့်ကို ကစားနေရုံသက်သက်ပဲ။ တစ်ခြားဘာမှမဟုတ်ဘူး။ ဒါကြောင့်ရှင် လက်လျော့လိုက်သင့်တယ်။ homoတစ်ယောက်ယောက်ကိုပဲထပ်ရှာလိုက်လေ။ သူ့လိုstraightမဟုတ်တဲ့တစ်ယောက်ကိုပေါ့"
သူမလေသံနှင့် မျက်နှာထားသည် မသိလျှင်တော့ သူမသည် သူ့အတွက်ကောင်းစေချင်သည့် သဘောဖြင့်ပြောနေသလိုလို လုပ်နေသောကြောင့် ဒါကသူ့ကို ဒေါသထွက်လာစေသည်။
လီဖန်သည်မေးကိုအနည်းငယ်မော့လိုက်ပီး သူ့မျက်လုံးများသည် အန္တရာယ်အငွေ့အသက်ရှိစွာ ​မှေးကျဉ်းလိုက်သောကြောင့် ဒါကလုကျီရှီကို ကြောက်လန့်သွားစေသည်။ လီဖန်အေးစက်စက်ပြန်ဖြေလာသည်ကို သူမကြားလိုက်ရသည်။ "ခင်ဗျားက သူနဲ့ဘယ်လိုပတ်သတ်မှုရှိလို့လဲ? ကောင်မလေး? ခင်ဗျားက သူ့နာမည်ကိုတိုက်ရိုက်ခေါ်ရဲတယ်ပေါ့ ဟုတ်လား? ဒီနှစ်လလုံး ခင်ဗျား ဘာမှမသင်လာဘူးလား? မင်းထင်တာက straightတစ်ယောက်က အပျင်းပြေချင်လို့ မိန်းမတွေနဲ့ကစားမယ့်အစား ယောက်ျားတွေနဲ့ ကစားတယ်လို့ထင်နေတာလား? ဒါမှမဟုတ် ကျွန်တော့်တည်ရှိနေမှုကြောင့် ခင်ဗျားကမျှော်လင့်ချက်ကင်းသွားသလိုခံစားနေရလို့လား? ကျွန်တော့်မေးခွန်းတစ်ခုခုလောက် ခင်ဗျားပြန်ကောဖြေနိုင်ရဲ့လား?"