ယောက်ျားတစ်ယောက်ဖြစ်ပြီး မျက်ရည်ဝဲတတ်တဲ့
ကိုယ့်ကိုယ်ကို ပဲ ရှောင်းကျန့် မုန်းမိလာသည် ။ ယိုင်နဲ့နဲ့ဖြင့် အိပ်ခန်းထဲဝင်သွားသည့် ရိပေါ်ကိုသာ ရှောင်းကျန့် ငေးကြည့်နေမိသည် ။

ရှောင်းကျန့် ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ရိပေါ် ကို အင်္ကျီ လဲပေးဖို့ ပြင်လိုက်သည် ။

ရှောင်းကျန့် ရဲ့ ထိန်းထားတဲ့ မျက်ရည်တွေဟာ ရိပေါ် ရဲ့
ရှပ်အင်္ကျီ က နှုတ်ခမ်းနီရာကို တွေ့တဲ့အချိန်မှာ ပါးပြင်ပေါ်စီးကျလာခဲ့သည် ။

မင်း တကယ်ပဲ ငါ့ကို ငြီးငွေ့သွားတာလား မောင် ။

............

ရှောင်းကျန့် ဧည့်ခန်းက ဆိုဖာပေါ်မှာ အသိစိတ်မဲ့တဲ့လူလို ထိုင်နေသည် ။

"မောင်! ငါတို့စကားပြောရအောင်"

ရိပေါ် အပြင်သွားမယ်အလုပ် ထွက်လာတဲ့ ရှောင်းကျန့် အသံကြောင့် ရှောင်းကျန့် ရှေ့က ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည် ။

"ပြောလေ"

"အခုတစ်လော မောင် အရမ်းပြောင်းလဲလာတယ်"

"ထင်လို့ပါ ။ ကျွန်တော် က ကျွန်တော်ပါပဲ"

"စကားပြောပုံတွေကိုက မဟုတ်တာ!"

"ကျစ်! ကိုကိုရာ မရစ်စမ်းပါနဲ့!!"

ရှောင်းကျန့် ခေါင်းတညိမ့်ညိမ့်နဲ့...

"အင်းနော်..ရစ်သလိုဖြစ်သွားတယ် ။ ငါ စိတ်မကောင်းပါဘူး "

"ရွဲ့မနေနဲ့ ကိုကို"

"ငါနောက်ဆုံးအနေနဲ့တစ်ခုပြောမယ် ။ မင်း အပြစ်လုပ်ထားတာရှိရင် ပြင်လိုက် ။ ငါ့ကို လိမ်ထားမိရင်လည်း ပွင့်ပွင့်လင်းလင်း ပြော!"

ရိပေါ်က ရှောင်းကျန့် စကားကိုဖြတ်ပြောလိုက်သည် ။

"နေဦး!! ။ ကျွန်တော့်မှာ လိမ်ထားတာ မရှိသလို ၊ အပြစ်လုပ်ထားတာလည်း မရှိဘူး ။ အဲ့တော့ စိတ်ပူမနေပဲ အေးဆေးနေ"

ရိပေါ်  ရှောင်းကျန့် ရှေ့က ထ,ထွက်သွားပြီးမှ နောက်ပြန်လှည့်မကြည့်ပဲ...

"ဪ...ကျွန်တော် ညကျနောက်ကျမယ် ။ မစောင့်နဲ့ "

ရိပေါ် ထွက်သွားတာကို ရှောင်းကျန့် မမှိတ်မသုန် စိုက်ကြည့်နေလိုက်သည် ။

My Ex Is My Husband [ Completed ]Where stories live. Discover now