Chapter (9)

38.3K 3.2K 82
                                    

ရှောင်းကျန့် မှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုသ,နေတဲ့ ရိပေါ် ကို မျက်စောင်းထိုးလိုက်သည် ။

ဘာ..ဟိုဟာလုပ် ၊ ဒီဟာလုပ် လဲ!!! ။ သူ့ကိုကျ အတွေးတွေ မှောင်မိုက်နေတယ် လို့ပြောပြီး ဒင်းကအခန်းထဲရောက်တာနဲ့ အတွေးတင်မက လူပါမှောင်ပြီး သူ့ကို ဟိုဟာလုပ် ရော!!!

ကျွတ်စ်!..ကျွတ်စ်! ၊ ငါ့ခါးလေး ။

ရိပေါ် ပြုံးဖြီးဖြီးနဲ့ ရှောင်းကျန့် အနားလျှောက်လာလေသည် ။

"ဘယ်လိုနေသေးလဲ ကိုကို "

"မင်း ခံကြည့်ပါလား"

ရိပေါ် လက်ညှိုးလေး တရမ်းရမ်းနဲ့...

"နိုး..နိုး ရိပေါ် တို့က ဘယ်နားနေနေ အထက်စီးကပဲ"

"အဲ့လောက် ဘဝင်မြင့်နေတာ မင်းခေါင်းလဲ သိကြားမင်း
ဖင်ထဲဝင်သွားဦးမယ်!"

"သိကြားမင်း ဖင်ပေါက်ကျယ်တာပေါ့ ! "

"ရွံစရာကြီးကွာ"

"မနက်ခင်းလေးကို မောနင်းkiss နဲ့ ဖြတ်သန်းရအောင်ပါ "

ရှောင်းကျန့် က ဘာမှမပြောပဲ လက်နှစ်ဖက်ဆန့်ပေးလာတာကြောင့်...

"ဘာလဲ! ၊ ဖက်ရမှာလား"

"တုံးလိုက်တာ ။ ချီ!!"

ရိပေါ် ခေါင်းတခါခါနဲ့ ရှောင်းကျန့် ခြေထောက်တွေကို ခါးမှာချိတ်စေပြီး ကလေးချီသလို ဖက်ပြီးချီသွားလေသည် ။ ချီရင်း နဲ့ ရိပေါ် လက်ကအငြိမ်မနေပဲ ရှောင်းကျန့် တင်ပါးတွေကို ဆွဲဖျစ်နေသည် ။

အိစိ ၊ အိစိ နဲ့ အဟိ! ။

"မင်း ဘာလုပ်နေတာလဲ!"

"ကိုင်နေတာလေ"

"မင်း ဆွဲဖျစ်လို့ ငါ့တင်ပါးလည်း လေလျော့နေတဲ့ မိုးပျံပူဖောင်းကြီး ဖြစ်တော့မယ် "

"ကိုင်လို့ကောင်းတယ် ။ အား!!!...အ့!...ကိုကို "

ရှောင်းကျန့် က ရိပေါ် ပခုံးကို ငုံ့ကိုက်လိုက်ခြင်းပင် ။

"မှတ်ပြီလား!! ။ ငါဗိုက်ဆာတယ်! ၊ မနေ့ညကလည်း ဘာမှမစားရဘူး ။ ဂဏန်း ၊ ရေဘဝဲ ၊ ကင်းမွန် အများကြီး စားချင်တယ် ။ စပ်စပ်လေး ၊ ပြီးတော့ ရေဆော့ချင်သေးတယ်"

My Ex Is My Husband [ Completed ]Where stories live. Discover now