"ကျေးဇူးပဲ ကျိုးချန်ကော ။ ကျွန်တော် စိတ်ပူနေတာ "

"ငါကတော့ စိတ်ညစ်နေတယ် "

ရိပေါ် မချိပြုံးလေးနဲ့ ကျိုးချန် ကို ရယ်ပြနေတုန်း ရှောင်းကျန့် နိုးလာသည် ။

"ဟင်...ဝမ်ရိပေါ်ကြီး "

"အင်း"

"ငါ့ကို အောက်ချပေး!!"

"ကိုကို ကျွန်တော်ရှင်းပြ..."

"အခုချပေး"

"အိမ်ရောက်မှ ချပေးမယ်လေ"

"အ့!!"

ရိပေါ် ပြီတီတီပြုံးရင်း ပြောလိုက်တာကြောင့် ရှောင်းကျန့်  ရိပေါ် ရင်ဘတ်ကို ထုလိုက်သည် ။

"ငါပြောတာက အောက်ချပေးလို့ ပြောတာ"

"မှောင်မိုက်နေပြန်ပြီ ။ မောင် လည်းအဲ့တာပြောတာကို"

"ဘာ မောင်လဲ!! ငါ စိတ်ဆိုးနေတာနော် ။ ဆွဲထိုးပစ်မှာ"

ရှောင်းကျန့် က လက်သီးရွယ်ရင်းပြောတော့ ရိပေါ်က ခပ်ဟဟရယ်သည် ။

တကယ် ဆွဲထိုးလိုက်ရ!!! ။
အသားနာသွားမှာ စိုးလို့သာ ။
ရှောင်းကျန့်လေး ကိုယ့်ယောက်ျားကိုယ် နာအောင်လုပ်စရာလား!
မလုပ်ရက်ပါဘူးနော် ။

"ကျွန်တော်ကတော့ ဆွဲမွချင်နေတယ်"

တကယ်ပါ! ဝိုင်အရှိန်ကြောင့်ရဲနေတဲ့ မျက်နှာလေးက ဒေါသကြောင့် စူပုပ်ပုပ်နဲ့ ဖြစ်နေသေးတာ ။ သူ့ ယောက်ျားက ချစ်ဖို့ကောင်းချက် ။

ရှောင်းကျန့် မျက်နှာကြီးပြုံးဖြီးလာသည် ။ ရိပေါ် တို့ချော့လိုက်ရင် ရှောင်းကျန့် စိတ်တွေက ရေနွေးပူထဲ ထည့်ပြုတ်ရတဲ့ မာမား ခေါက်ဆွဲလို သုံးမိနစ်တောင်မကြာဘူး ။ ပျော့သွားပြီးသားပဲ!

ကျိုးချန် သူ့ကိုဘေးမှာထားပြီး ချစ်ကြည်နူးနေတဲ့ နှစ်ယောက်ကို သိပ်ကြည့်လို့မရတော့ပေ ။

"မင်းတို့နှစ်ကောင် ပြန်မလား! ၊ ငါကန်ချရမလား!!"

"ပြန်မှာပါ FA ကောင်ရဲ့! ။ လာနှင်နေတယ်"

"လင်နဲ့တည့်တော့ မျက်ခွက်ကတစ်မျိုး ၊ မတည့်တော့ တစ်မျိုးနဲ့!! ပြန်!!"

My Ex Is My Husband [ Completed ]Where stories live. Discover now