Love create u and me(13)

Start from the beginning
                                    

ရီပေါ်ကိုအိပ်ခန်းထဲပွေ့ချီပြီး ကောင်းကောင်းမွန်မွန် အိပ်စေချင်ပေမဲ့ ကျနော်ချီလိုက်လို့ နိုးသွားမှာစိုးရိမ်မိတယ်...။နိုးသွားရင် ရီပေါ့်ရဲ့အမုန်းတွေထပ်ခံရလိမ့်မယ် ။ကျနော်အမုန်းတီးခံရတာက ကိစ္စမရှိပေမဲ့ ရီပေါ်ငိုကြွေးမှာကိုထပ်ပြီးမမြင်ချင်တော့ဘူး..။

အမုန်းခံရလို့နာကျင်တာကတမျိုး ရီပေါ့်မျက်ဝန်းထဲကမျက်ရည်တွေကြောင့်နာကျင်ရတာကတမျိုး... ကျနော်ဘယ်လိုမှမခံစားနိုင်ဘူး...ကျနော့်နှလုံးသားကစက်နဲ့လုပ်ထားတာမှမဟုတ်တာ....။အမြဲတမ်း ချစ်တဲ့သူကနာကျင်နေရတာပဲနော်။

နာရီကိုကြည့်လိုက်တော့ ည ၈ နာရီတောင်ထိုးနေပြီ..။နေ့လည်ကတည်းက စလိုက်တဲ့ညှိနှိုင်းပွဲက ဘာပြေလည်မှုမှမရှိပဲ အခုမှရပ်စဲသွားရသည်။ဒါတောင် ဒီဒေါသအိုးလေးမောပြီးအိပ်ပျော်သွားလို့..။

ဒေါသအိုးလေးက ထမင်းလဲမစားရသေးဘူး ဒီတိုင်းသာဆက်သွားရင် နေမကောင်းဖြစ်သွားလိမ့်မယ် နောက်ကျမှ သေချာဂရုစိုက်ဦးမှပါလေ။ရှောင်ကျန့်ရှေ့ဆက်ကြုံရဦးမဲ့ပြသနာတွေကိုတွေးတောလိုက်တော့ ရင်မောသွားရသည်..။

ခေါင်းမာလွန်းတဲ့ရိပေါ်ကိုဘယ်လိုအဆင်ပြေအောင်သိမ်းသွင်းရမလဲမသိဘူး။အတင်းအကြပ်လက်ထပ်လိုက်ပြန်ရင်လဲ ကျနော့်ကိုတသက်လုံးစာနာကြည်းသွားဦးမယ်။ကျနော်ဘာလုပ်ရမယ်မှန်းကိုမသိတော့ဘူး...။

ကျနော်လဲအခုဆို ကျောင်းဆက်တက်ဖို့မလိုတော့ဘူး။ရှေ့နှစ်လဆို ဘွဲ့ယူရတော့မယ်။ အဖေ့ကုမ္ပဏီမှာဝင်ဦးစီးတော့မယ်..။ကျနော် ရီပေါ်အနားမှာမရှိလို့မဖြစ်ဘူး။သူ့သဘောကျထွက်သွားပေးလို့မရဘူး။

ရီပေါ်ကအခုမှပထမနှစ်တက်နေရတုန်း...အသက်ကလဲ 19နှစ်ပြည့်ခါစလေးပဲရှိသေးတာ..။

အသက်ငယ်ငယ်နဲ့ အတိုက်အခိုက်များတဲ့ပတ်ဝန်းကျင်ကို တယောက်တည်းရင်ဆိုင်ရမှာကိုကျနော်ခွင့်မပြုနိုင်ဘူး။ခေါင်းမာလိုက်တာ ရီပေါ်ရယ် မင်းကိုရော မင်းဗိုက်ထဲကကိုယ်တို့ရင်သွေးလေးကိုရော ပတ်ဝန်းကျင်ကပေးတဲ့နာကျင်မှုတွေကိုကိုယ်မခံစားစေချင်ဘူး။

love create u and meWhere stories live. Discover now