“ခင်ဗျားကိုယ်ခင်ဗျား အခုဘာလုပ်နေတယ်ထင်လဲ?” ထုံးစံအတိုင်းလီဖန်သည်စစ်မေးလိုက်သည်။ ဒီလိုအန္တရာယ်များသည့်ပုံစံဖြစ်နေပေမယ့် လီဖန်သည် တည်ငြိမ်သည့်အသွင်ကိုသာ ဆောင်ထားသည်လေ။
ဂျီဝမ်သည် မျက်လုံးကိုမှေးကျဉ်းလိုက်ပီး သူ့အောက်တွင်ရှိသောကောင်ချောလေးအား နတ်ဆိုးလိုအကြံကြီးကြံနေသည့် အပြုံးမျိုးပြုံးလိုက်သည်။ နောက်တော့ သူ၏ဆွဲဆောင်မှုရှိသော အနိမ့်သံဖြင့် မေးလိုက်သည်။ “အယ်? မင်းက ကိုယ့်ကျန်းမာရေးကို တာဝန်ယူရမှာမလား? ပီးတော့ ဘယ်မှာလဲ ကိုယ့်အတွက်လက်ဆောင်?”
ဒါကိုကြားလိုက်သည့်လီဖန်သည် မျက်ခုံးများအလွန်အမင်းတွန့်ချိုးသွားရသည်။ နောက်တော့ သူသည်ထိုလူ၏ချုပ်နှောင်ထားမှုဆီမှ လွတ်မြောက်ရန်အနည်းငယ်လူးလွန့်လိုက်ချိန်မှာတော့ ထိုလူ၏အစိတ်အပိုင်းတစ်နေရာကို မရည်ရွယ်ပါပဲ ထိမိသွားရသည်။
သူသည် ပူနွေးပီး မာတောင့်နေသောအရာက သူ့ပေါင်ကိုထိနေသည်ကို ခံစားလိုက်ရချိန်မှာတော့ သူ့တစ်ကိုယ်လုံးသည်တောင့်ခဲသွားရသည်။
သူ့အောက်ကလူတစ်ကိုယ်လုံးတောင့်သွားသည်ကို သိလိုက်ရတော့ ဂျီဝမ်သည် သူ့ခေါင်းကိုနိမ့်ချလိုက်သည်။ နောက်သူသည် လီဖန်၏နား နားသို့ ရမ္မက်ပြင်းပြင်းအသံဖြင့် တိုးတိုးလေးပြောလိုက်သည်။ “မင်းပြောတာမှန်တယ်။ ကိုယ်အောက်က ဖြေလျော့ဖို့လိုနေပီ။ ဒါကြောင့် မင်းဘာလို့မကူညီပေးတာလဲ ဟင်? ဒါကို မွေးနေ့လက်ဆောင်အဖြစ်သဘောထားလိုက်မယ်လေ။ အဲ့လိုဆိုရင်ကော ဘယ်လိုလဲ?” သူသည် ဟေးရှီ၏နားသီးလေးအား လျှာဖြင့်လျှက်ပီး တတိတိကိုက်လိုက်သောကြောင့် လီဖန်၏တစ်ကိုယ်လုံးတုန်ယင်လာကာ ထိုသူအထိအတွေ့တွေအားရှောင်ရှားရန် ဇတ်ကိုပုလိုက်သည်။ ဘာကြောင့်ဆို ထိုလူ၏လေငွေ့ရိုက်နေသောနေရာသည် သူအထိမခံနိုင်သည့်နေရာဖြစ်နေသောကြောင့်ပင်။
ဒါပေါ့ ဂျီဝမ်သည် ဒီအရာကိုကောင်းစွာသတိထားမိတာကြောင့် သူ့နှုတ်ခမ်းသည် ချက်ချင်းပင် မြေခွေးတစ်ကောင်လိုမျိုးပြုံးသွားသည်။ နောက်တော့ သူသည် နားသီးလေးကို ဆက်ပီးလျှက်နေလိုက်သောကြောင့် လီဖန်သည် အငိုက်မိသွားရသည်။ ထို့ကြောင့် ညည်းသံတိုးတိုးလေး သူ့ပါးစပ်မှမထင်ထားပဲထွက်သွားမိသောကြောင့် လီဖန်သည် သူ့ပါးစပ်ကိုလက်ဖြင့် အလျင်အမြန်ပိတ်လိုက်ရသည်။ သူသည် ဂျီဝမ်အား ရပ်တန့်ဖို့သတိပေးသည့်အနေဖြင့် စူးစိုက်ပီးကြည့်လိုက်သည်။