"ဟဲလို.."

"ကလပ်သွားကြမလို့ လာမလား"

"ကလပ်!! ၊ အိုမို ဂျင်ဂျား "

"လာမှာလား ၊ မလာဘူးလား "

တစ်ဖက်က ကျိုးချန် ရဲ့ စိတ်မရှည်သည့်အသံကထွက်လာ၏ ။

"လာခဲ့မယ် ၊ လာခဲ့မယ် ။ ဘယ်နှနာရီ လဲ"

"ညနေ 5 နာရီ"

"5နာရီ ၊ အိုကေ ။ မင်း လာခေါ်လိုက်"

"မခေါ်နိုင်ပါဘူး ။ မြိုစို့ဖို့က ဒကာခံရဦးမယ်"

"လင်းတကောင် ကျိုးချန် မင်း လာမခေါ်ရင် ဟိုင်ခွမ်းကော နဲ့
အောင်သွယ်မပေးတော့ဘူးနော်"

"လာခေါ်မယ် !! ၊ လင်းတရေ !!..၊ တီ....."

အာပြဲနဲ့ အော်ပြီး ဖုန်းချသွားပါသော ကျိုးချန်ပါပေ ။

ရှောင်းကျန့် အူထွက်သွားတဲ့ နားကိုပွတ်ရင်း...

"အသံချဲ့စက် နဲ့ မှားမွေးခဲ့တာဖြစ်မယ် ။ ဒီကောင် "

ဘာပဲဖြစ်ဖြစ် ရှောင်းကျန့်လေး ကဲရတော့မယ်!!

...........

"ဝေး !!...ရှောင်းကျန့်! "

All black နဲ့ ရှောင်းကျန့် က ကလပ်ထဲက မိန်းကလေး တွေရဲ့ မျက်လုံးကိုဖမ်းစားသွားလေသည် ။ ရှောင်းကျန့် သူငယ်ချင်းတွေနဲ့အတူ ချောင်နည်းနည်းကျတဲ့ ဝိုင်းတစ်ခုမှာ ထိုင်လိုက်သည် ။

"ရှောင်းကျန့် မင်း မင်္ဂလာဆောင်သွားပြီဆို"

"အေး"

"ကောင်မလေး ကချောလား"

ကယ်ဗင် ရဲ့အမေးစကားကို ရှောင်းကျန့် ဘေးနားမှာထိုင်နေတဲ့
ကျိုးချန် ကတဟားဟားထ,ရယ်လေသည် ။

"ဒီကောင်ယူထားတာ မိန်းမ မဟုတ်ဘူး ။ ယောက်ျား ၊ အဲ့တာတောင် သူ့ရဲ့ရည်းစားဟောင်းနဲ့"

"ဝိုး! တကယ်လား ။ ရှောင်းကျန့် လို လှပေ့ဆိုတဲ့မိန်းကလေးတွေချည်း ရွေးတွဲတဲ့ကောင်က ယောက်ျားယူတယ် "

"ဟေ့ကောင် ကယ်ဗင် တိုးတိုးပြောစမ်းပါကွာ"

ကျိုးချန် မှာ ကယ်ဗင်ရဲ့အသံပြဲကြီးကြောင့် စသလိုနောက်သလိုနဲ့လှမ်းပြောရသည် ။ ကယ်ဗင်က ကျိုးချန် စကားကိုဂရုမစိုက်ပဲ ရှောင်းကျန့်ကိုကြည့်ကာ...

My Ex Is My Husband [ Completed ]Where stories live. Discover now