26x(Zawgyi&Unicode)

Start from the beginning
                                    

*....*

*ဟေ့ကောင်ရ မင်းရူးနေလား မသိဘူးကွာ မင်းဇာတ်မင်းနိုင်အောင်ထိန်း*

*....*

*တော်ပါတော့ကွာ တော်ပါတော့ မင်းကတအားစိတ်ပျက်ဖို့ကောင်းတယ်*

"Dr တံခါးခေါက်နေတာ ပြန်မထူးလို့ဒီအတိုင်း၀င်လာလိုက်တာ"

"အနှောင့်အယှက်ဖြစ်သွားရင် sorryပါ Dr"

သတိုးတို့အထဲရောက်တာနဲ့ ဖုန်းကိုချလိုက်တာမို့ စိတ်ထဲထင့်သွားပေမယ့် ထုတ်ပြောလို့လည်းအပိုပဲမို့
မသိချင်ယောင်ဆောင်ကာ တောင်းပန်ပေးလိုက်သည်

"မဟုတ်တာပဲဗျာ ကျွန်တော်က စိတ်ပြန့်သွားတာပါ"

"ဟိုကိစ္စဘာထူးသေးလဲ Dr"

"ဘာလို့လဲဗျ ကျွန်တော်တော့ ဘာမှမကြားမိပါဘူး"

"သေသွားတဲ့ကောင်လေးနဲ့ ပက်သက်တဲ့သူတွေဘာတွေရော သိလား Dr ဥပမာ ရည်းစားဟောင်းတို့ဘာတို့ပေါ့"

"ရည်းစားဟောင်း???"

ရိပ်အမေးကို ပြန်စဉ်းစားချင်ယောင်ဆောင်နေတဲ့
Drကို သတိုးအကဲခတ်ရုံခတ်နေလိုက်ပြီး ခုံအောက်ကနေ ရိပ် လက်ကို ကုတ်ကာ အချက်ပြလိုက်သည်

"ဟုတ်ကဲ့ပါ Drက ဘယ်လိုလုပ်သိမှာလဲ ကျွန်တော်ကလည်း အတွေးခေါင်သွားတယ်
Sorryဗျာ Drအလုပ်ရှုပ်နေတာကို ဒုက္ခထပ်ပေးမိသလို ဖြစ်နေပြီ"

"ရပါတယ် မေးချင်တာရှိရင်လည်း ထပ်လာခဲ့လေ"

‌Drအခန်းထဲက ထွက်လာတာနဲ့ နှစ်ယောက်သား မျက်စပစ်ပြကာ Drရဲ့အကြောင်းကိုပါ စုံစမ်းဖို့တိုင်ပင်မိတော့သည်

"ကိုကို ဖုန်းလာနေတယ်ထင်တယ်"

ရိပ်ပြောမှသတိထားမိကာဖုန်းကိုကြည့်လိုက်တော့ သစ်ခေါ်တာဖြစ်နေသည်

"Hello babe"

"ဦးမြတ် သစ်လေ... သစ် .."

Oh !Where stories live. Discover now