ထို့နောက်သူ့ကိုပြန်လည်ထွေးပွေ့လာတဲ့လက်တစ်စုံ
သူ့ကိုယ်နဲ့ကွက်တိဖြစ်နေတဲ့ဂျယ်ဟာရဲ့ရင်ခွင်ကျယ်ကျယ်ကိုသဘောကျတယ်

မင်းကငါ့အပိုင်ဘဲ...ဘတ်ဂျယ်ဟာ

လရောင်အောက်မှာထွေးပွေ့နေတဲ့လူနှစ်ယောက်ကိုအထိန်းတော်တစ်ဦးကမြင်သွားသောအခါ...

TBC

WE ARE ONE❤❤❤
LOVE YOU ALL EXO,EXOL&READERS🙆🙆🙆
BELIEVE IN CHANBAEK &LOVE THEM FOREVER💪💪💪

Zawgyi❤

နှစ်သစ်ကူးပွဲတော်နေ့

ဒီအချိန်ဆိုလူတိုင်းလူတိုင်းဆင်းရဲချမ်းသာမရွေးပျော်ရွှင်နေကြလောက်ပြီ။တစ်နေကုန်လုံးအားကစားပြိုင်ပွဲတွေလုပ်မယ်။အမျိုးသမီးတွေကဆန်ကိတ်တွေလမုန့်တွေစုပြီးလုပ်ကြမယ်။ ကလေးတွေကလည်းအဘိုးအဘွားတွေကိုကန်တော့ပြီးကောင်းချီးမင်္ဂလာခံယူကြမယ်။ညဖက်ရောက်ရင်လမ်းမကြီးတစ်လျှောက်လုံးမှာရောင်းချနေသမျှမုန့်မျိုးစုံတို့ကိုမြည်းစမ်းမယ်။ချစ်တဲ့သူအတွက်မျက်နှာချေမှုန့်တွေနဲ့အထည်တွေဝယ်ပေးမယ်...ပြီးရင်ပြဇာတ်ကိုစောင့်ကြည့်မယ်

သို့သော်
Lee Hyun(Baekhyun)သည်ဒီနိုင်ငံရဲ့မင်းသားတစ်ပါး

သူအခုမျက်မှောက်မှာကြုံနေရတဲ့နှစ်သစ်ကူးပွဲတော်က
သူ့စိတ်ကူးထဲကအတိုင်းမဟုတ်ဘဲတော်ဝင်ဂီတပညာရှင်နဲ့ကချေသည်များ၏ကပြဖျော်ဖြေနေခန်း

နွေးထွေးမှုဆိုသည်မှာဧကန်နတ္ထိ
အရှင်မင်းကြီးလည်းရှိနေသည့်အတွက်မည်သူမှစကားသံမထွက်ကြ
သူအခုကြားနေရတာကJangjang sullaeဆိုသည့်သီချင်းသံသာဖြစ်ပြီးမြင်နေရသည်မှာလည်းကချေသည်လေးများ၏ဝိုင်းပတ်ကခုန်နေပုံသာ...

နောင်တော်!

ဟင်!

"အိပ်ချင်လာပြီ"

သူ့ဘေးကိုကိုယ်လေးစောင်းလာပြီးခပ်တိုးတိုးပြောလာတဲ့ညီငယ်ကိုBaekhyunနှစ်သိမ့်ပြုံးသာပြုံးပြလိုက်သည်။ဖြစ်နိုင်ရင်သူတောင်ထပြေးချင်နေတာ...Lee Shinn(Jongdae)လိုကလေးအတွက်တော့ပိုဆိုးမပေါ့။သို့သော်...သူတို့သည်ဘုရင့်သားတော်များဖြစ်သည့်အားလျော်စွာခမည်းတော်ထက်အရင်ထပြန်မည်ဆိုပါကမြောင်နိုင်ငံကသံတမန်များရှေ့တွင်ခမည်းတော်ကိုမျက်နှာပျက်ရအောင်လုပ်သလိုဖြစ်နေပေလိမ့်မည်။

IMMUTABLEWhere stories live. Discover now