"အဲ့ဒါက..."

"ဘာလဲ...ငါ့မျက်နှာကိုတစ်ရက်မမြင်ရရင်မနေနိုင်ဘူးလား"

အရှင့်သား!!!

ဘာလဲ...နှစ်ယောက်ထဲရှိတဲ့အချိန်တောင်ပြောလို့မရဘူးလား!!!
မေးနေတာဖြေလေ!

"ကျွန်တော်အရှင့်သားကိုစိတ်မချဘူး...ကျွန်တော့်မျက်စိအောက်မှာမှမဟုတ်ရင်စိတ်မချဘူး"

ဒီလိုအပြောနဲ့တင်သူကျေနပ်ပါပြီ

"ဘာဖြစ်လဲ...ငါကကလေးမှမဟုတ်တာ...ပြီးတော့ကိုယ်ခံပညာလည်းတတ်သင့်သလောက်တတ်ပါတယ်"

"ကျွန်တော်..."

"ကဲပါထားလိုက်ပါ...ငါလိုက်ခဲ့မယ်...ဒါပေမယ့်တစ်ခုတော့ရှိတယ်
ငါကမင်းအတွက်ဘာလဲဖြေ"

"အရှင့်သားကကျွန်တော်မျိုးရဲ့ကိုးကွယ်ရာပါ"

"ဒါဆိုငါ့ကိုမြတ်နိုးတယ်ပေါ့"

"အရှင့်သားကိုမမုန်းပါဘူး"

စင်စစ်ဂျယ်ဟာဆိုသည်မှာချစ်တယ်ဆိုတဲ့စကားကိုနှုတ်ကနေထုတ်ပြောမည့်ပုံမရ...သို့သော်သူချစ်တဲ့လူကိုတော့သူ့အသက်နဲ့လဲ၍ကာကွယ်လိမ့်မည်။

တရိပ်ရိပ်တက်လာတဲ့ဝမ်းသာပျော်ရွှင်မှုတွေကြောင့်
Lee Hyunသူ့ရှေ့ကတစ်ယောက်သောသူရဲ့ရင်ခွင်ထဲကိုပြေးဝင်သည်။အနည်းငယ်တောင့်သွားပုံရသော်လည်းတွန်းတော့မထုတ်

"အရှင့်သား...နန်းတွင်းထဲမှာခုလိုလုပ်တာကအန္တာရာယ်များပါတယ်"

"စိတ်မပူပါနဲ့ငါသူတို့ကိုအဝေးမှာနေခိုင်းထားတာ"

"ဂျယ်ဟာ...မင်းငါသေတဲ့အထိငါ့ဘေးမှာဘဲနေရမယ်နော်"

"ကျွန်တော်မျိုးရဲ့အသက်ကအရှင့်သားအပိုင်ပါ"

"မင်းကငါ့ကိုယ်ရံတော်ဖြစ်နေလို့လား...အကယ်၍မင်းကငါ့ကိုယ်ရံတော်မဟုတ်ရင်ကော"

"အဲ့လိုအဖြစ်မျိုးရှိမှာမဟုတ်ပါဘူး"

"ငါ့ကိုတစ်ခေါက်လောက်ပြန်ဖက်ပေးပါလား"

"အရှင့်သား...ကျွန်တော်မျိုးလိုနိမ့်ကျတဲ့"

"ရှူး...ဆက်မပြောတော့နဲ့...ဒါအမိန့်ပေးနေတာ"

IMMUTABLEWhere stories live. Discover now