နောက်ဆုံးတော့ငြီးငွေ့ဖွယ်ကောင်းသည့်တော်ဝင်စားသောက်ပွဲကြီးပြီးသွားပြီ...ထို့ကြောင့်သူလည်းသူ့အဆောင်တော်ရှိရာဆီပြန်လာလိုက်သည်။နှစ်သစ်ကူးပွဲတော်ဖြစ်တဲ့အတွက်အမှုထမ်းအချို့လည်းအိမ်ပြန်ကုန်ပြီ အထိန်းတော်နဲ့အပျိုတော်အချို့သာကျန်တော့သည်။

မောင်မင်းတို့ဒီမှာဘဲနေခဲ့ကြ...ကိုယ်တော်ဥယျာဥ်ထဲမှာလမ်းခဏလျှောက်လိုက်အုံးမယ်...အနားကိုကပ်မလာကြနဲ့

အထိန်းတော်ကင်မှာအကြောင်းပြချက်ကိုစဥ်းစားလို့မရသော်လည်းမင်းသားအမိန့်ဖြစ်တဲ့အတွက်ခပ်လှမ်းလှမ်းမှာသာနေပြီးစောင့်ကြည့်နေလိုက်သည်။

လပြည့်ညဖြစ်သည့်အတွက်လမင်းကြီးကိုရှုစားချင်တာလဲဖြစ်မှာပါ...အရှင်သားကနက္ခတ်တာရာတွေကိုလည်းစိတ်ဝင်စားတယ်လေဟုသာဖြည့်တွေးလိုက်သည်။

Baekyun...သူ့ဘေးနားမှာဘယ်သူမှမရှိတာသေချာတော့မှ

ညဘက်ကြီးမင်းသားအဆောင်နားရောက်နေတာဘယ်လိုအကြံအစည်နဲ့လဲ...ထွက်လာခဲ့စမ်း!!!

သူ့ရဲ့အမိန့်သံအဆုံးမှာတစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားတဲ့သူတစ်ဦးအမှောင်ထဲကထွက်လာသည်။

တိုက်ခိုက်ရန်အသင့်အနေအထားပြင်လိုက်သော်လည်းရင်းနှီးနေသည့်မျက်လုံးများကိုတွေ့သည့်ခဏ...

ဂျယ်ဟာ?

သူ့အာမေဍိတ်သံအဆုံးမှာပေါ်လာတဲ့တည်ကြည်ခန့်ညားတဲ့မျက်နှာတစ်ခု...

"အရှင့်သား"

မင်းဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ...ဇာတိမြေပြန်သွားတယ်ဆို!

"အစကဒီနေ့ပြန်မလို့ဘဲ...ဒါပေမယ့်"

"..."

"အရှင့်သား...ကျွန်တော့ဇာတိမြေကိုလိုက်လည်ချင်လား"

ဟင်!!!

မေးပင်မေးလာသော်လည်းသူ့ကိုတည့်တည့်မကြည့်ဘဲဘေးကိုလွှဲနေတဲ့မျက်နှာကြောင့်စချင်စိတ်ကတဖွားဖွား

ဘာလို့လဲ!

ဟင်!

"ဘာလို့ငါကမင်းရဲ့ဇာတိမြေကိုလိုက်ခဲ့ရမှာလဲ"

IMMUTABLEWhere stories live. Discover now