အခန်း (၂၉) - NEVER

Start from the beginning
                                    

ရှိုင်းဇေယံဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဖြစ်တည်မှုဟာသူ့အတွက်ပြောမပြတတ်အောင်အရေးကြီးမှန်းမင်းခန့်ထည်အခုမှသိရှိနားလည်လိုက်ရသည်။သူ ထိုကောင်လေးအားလုံးဝအထိအခိုက်မခံနိုင်ပေ။ထိုကောင်လေးအား သူ့အနီးနားမှတွန်းထုတ်ရန်ကြိုးစားခြင်းခြေလှမ်းအစမှာတင် ထိုကောင်လေးထိခိုက်သွားခဲ့သည်။

သူဘယ်လိုတွန်းထုတ်နိုင်တော့မလဲ?

သူကျောခိုင်းထားခဲ့ပြီးမစောင့်ရှောက်နိုင်ခဲ့တဲ့သူ့အပြစ်တွေကြောင့်မို့သူ့ကိုယ်သူအလွန်တရာဒေါသဖြစ်မိလေသည်။

သူထိုကောင်လေးအားစတွေ့ကတည်းကသူ့ဦးနှောက်ထဲကနေတစ်စက္ကန့်တစ်မိနစ်မျှထုတ်ပစ်လို့မရခဲ့ပေ။ သို့သော်လည်းထိုခံစားချက်တို့ကသာမန်မျှသာဟူသောစကားလုံးတစ်ခုနောက်တွင်သိုဝှက်ထားခဲ့မိ၍သူဆက်ပြီးအဖြေမရှာမိခဲ့။

တကယ်လို့အဖြေရှာတွေ့ခဲ့ရင်ကောအဲ့အဖြေကိုသူလက်ခံနိုင်ပါ့မလား။သေချာတာပေါ့ သူဒီလမ်းပဲရွေးမှာ။သူက သူများတွေသွားပုပ်လေလွင့်ပြောဆိုနေကြတဲ့အတိုင်း Gayတွေကိုတစ်ဖက်သတ်ရွံရှာမုန်းတီးနေတဲ့လူတစ်ယောက်ပဲလေ။အဲ့လိုမှမရွေးရင်လည်း သူသိပ်တွယ်တာရတဲ့ ဒီကောင်လေးကိုမာန်လိုမျိုးဆုံးရှုံးရလိမ့်မယ်။သူဒီလိုအဖြစ်မျိုးထပ်အဖြစ်မခံနိုင်ဘူး။ထိုကောင်လေးကိုသာ
မာန်လိုမျိုးဆုံးရှုံးလိုက်ရမယ်ဆိုရင် သူသေချာပေါက်ရူးနှမ်းသွားလိမ့်မယ်...

welcomeပွဲအတွက်ဓာတ်ပုံရိုက်ပေးခဲ့တဲ့အချိန်တုန်းကထိုကောင်လေးရဲ့မျက်ဝန်းတွေထဲမှာ ချစ်ခြင်းတွေပြည့်နှက်နေတဲ့လူတစ်ယောက်ရဲ့ပုံရိပ်တစ်ရိပ်ရှိနေမှန်း
သူရိပ်မိလိုက်တဲ့အချိန်ဟာ သူ၏ရင်ထဲသို့ပထမဆုံးအနေဖြင့် မနာလိုစိတ်တို့ဝင်ရောက်လွှမ်းမိုးလာခဲ့တဲ့အချိန်ပင်။
ဘယ်သူမှန်းမသိတဲ့ထိုကောင်မလေးကိုပေါ့...

ထိုကောင်လေးကို ကောင်မလေးတစ်ယောက်ကဖွင့်ပြောခဲ့တယ်ဆိုတဲ့အကြောင်းကြားတော့ သူထူးထူးဆန်းဆန်းဒေါသထွက်မိသည်။သူပိုင်ဆိုင်တဲ့အရာတစ်ခုကိုလုယူခံလိုက်ရတော့မယ့်အလား။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now