" ကိုယ်တစ်ယောက်ထဲနေချင်လို့ ထွက်သွားပေးပါ "

" မရဘူး! မသွားနိုင်ဘူး! ကျွန်တော် နားလည်အောင်အရင်ပြောဦး။ ကျွန်တော်က ဘာလို့ ခင်ဗျားကို ဒုက္ခရောက်အောင် လုပ်ရမှာလဲ "

Xiao zhan ဘာမှမပြောဘဲ yiboကိုသာ ကျောပေးပြီး လှဲနေလိုက်သည်။ yiboလည်း သူမသိတဲ့ ကိစ္စတစ်ခုကို xiao zhanမပြောမချင်း ထွက်သွားမည့်ပုံမပေါ်

yubinက xiao zhan ကိုတစ်လှည့် yiboကို တစ်လှည့်ကြည့်ကာ..

" Yibo, bossနားပါစေ။ ကျွန်တော်ပြောပြပါ့မယ် "

ဆိုပြီး yiboကို အခန်းထဲမှ မနဲခေါ်ထုတ်သွားရသည်။ yubinက ဖြစ်ကြောင်းကုန်စင် ပြောပြပီးနောက်

" car parkingမှာ cctvရှိလား "

" အွန်း လုံခြုံရေးရုံးခန်းက ကြည့်လို့ရတယ်.. "

yubinစကားမဆုံးခင် အလောတကြီးပြေးထွက်သွားတဲ့ yiboကို တားချိန်တောင်မရလိုက်။

Xiao Zhanဆေးရုံဆင်းပြီးတဲ့နောက်ပိုင်း yiboနဲ့အရင်လို မတွေ့ဖြစ်တော့။ အရင်ကဆို အလုပ်ကိစ္စ yubinကိုခေါ်ရင် yiboပါ တစ်ခါတည်းပါတယ်။ ကုမ္ပဏီအစည်းအဝေးတွေလဲ လုပ်ငန်းအတွေ့အကြုံ ရအောင်ဆိုပြီး yiboမလိုက်ချင်လို့ ပေကပ်နေရင်တောင် xiao zhanက မငြိုမငြင်ရအောင်ခေါ်တယ်။ ရုံးဆင်းလို့ yiboကိုလာမခေါ်သေးရင်တောင် xiao zhan က သူ့ကားနဲ့လိုက်ဖို့ခေါ်တတ်တယ်။ xiao zhan ဆေးရုံကဆင်းပီးနောက် yiboအပေါ် ဆက်ဆံတာတွေ အေးစက်သွားသည်။ မနက်ပိုင်း yiboရောက်တဲ့ချိန်ဆို xiao zhan က meetingခန်းထဲရောက်နေပီ။ ညနေရုံးဆင်းချိန် ရောက်ပြန်တော့လဲ ပါးပါးကဘာစိတ်ကူးပေါက်လဲ မသိဘူး လာကြိုချိန်ကိုမှန်နေတာပဲ။ yibo, xiao zhanနဲ့ မျက်နှာချင်းဆိုင်မတွေ့ရတာ xiao zhan ဆေးရုံဆင်းပြီးကတည်းကဆို တစ်ပတ်လောက်ရှိပြီ။ ဒီနေ့တော့ xiao zhan နဲ့ စကားပြောဖြစ်အောင်ပြောမယ်လို ဆုံးဖြတ်ထားတယ်။ ကုမ္ပဏီရောက်သော်...

" yubin, xiao zhan ရောက်ပီလား? "

" yibo ရောက်လာပီလား။bossက အလုပ်ကိစ္စနဲ့ ညကပဲနိုင်ငံခြားသွားတယ်။ "

" ဘယ်လို! ဘယ်သူနဲ့သွားတာလဲ? တစ်ယောက်ထဲလား? ခဗျားကလိုက်မသွားရဘူးလား? "

You've reached the end of published parts.

⏰ Last updated: Sep 03, 2020 ⏰

Add this story to your Library to get notified about new parts!

Be MineWhere stories live. Discover now